Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ

မနေ့ စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းကလည်း မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ
စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ

ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ နေရာတစ်ခုကို ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ကော်ဘရာစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ(၁၀)ရက် မနက်(၁၂)နာရီ မိနစ်(၄၀)အချိန်က ကော်ဘရာစစ်ကြောင်းလုံခြုံရေးယူထားတဲ့ ဘလက်တိုကျေးရွာအနီးရှိ နေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ
စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကော်ဘရာစစ်သည်တော်တစ်ဦး ဒဏ်ရာရ

မနေ့ စက်တင်ဘာ(၉)ရက်နေ့ မနက်ပိုင်းကလည်း မြ၀တီ-ဝေါ်လေ လမ်းအတိုင်းကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ခြောက်ဦးကို လက်နက်ခဲယမ်းနဲ့တကွ လူခို့အနီးမှာ KNLA တပ်ရင်း(၂၇)နဲ့ ကော်ဘရာစစ်ကြောင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။