မြိုင်နယ်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို PDF ပူးပေါင်းတပ် တိုက်ခိုက်
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေနယ်တွင် ပျူစောထီးများကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးများဘက်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပခုက္ကူ PDF က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၄ရက် နံနက်က မြစ်ခြေ – ကျွန်းချောင်းလမ်းပိုင်း ချောင်းမကြီးချောင်းအနီးတွင် ကျွန်းချောင်းဘက်မှ ထွက်ခွာလာသည့် ပျူစောထီးများ၏ ဆိုင်ကယ် ခြောက်စီးနှင့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး နှစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း အတွင်းသတင်းရရှိသည်ဟု ပခုက္ကူ PDFက ထုတ်ပြန်သည်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
စက်တင်ဘာ ၁၄ရက် ညပိုင်းကလည်း စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၆၀ ခန့် ဖြင့် အထိုင်ချ တပ်စွဲထားသည့် မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန် (ပျူစောထီးရွာ)ရှိ ပျူစောထီးစခန်းကို ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ PDF က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများစွာ ဒဏ်ရာရရှိနိုင်သော်လည်း ထိခိုက်ကျဆုံး အတိအကျမသိရှိရကြောင်း ဖော်ပြထားပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ ကြောင်း ထုတ်ပြန်သည်။


















































