Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲ ၁၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၄၀၀ကျော်သေဟု ဟားခါး CDF အသိပေး

ဟားခါးမြိုနယ်၏ တော်လှန်ရေးလမ်းစဉ်ကို ယခုကျင်းပပြီးစီးခဲ့သည့် ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်၊လမ်းညွှန်ချက်အတိုင်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

(ဟားခါး CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)
(ဟားခါး CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)

မြို့တွင်း စစ်ဆင်ရေး ၅၀ကျော်ပြုလုပ်ခဲ့ဟု ဖော်ပြ၊ ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်အရ တော်လှန်ရေးကိုအရှိန်မြှင့်ဆောင်ရွက်မည်ဟု ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၀၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၁၉ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၉၂ဦး ရှိခဲ့သည်ဟု ဟားခါး CDFက အသိပေး ထုတ်ပြန်သည်။

စက်တင်ဘာ ၉ရက်က ပြုလုပ်ခဲ့သည့် ဟားခါးလူထုညီလာခံ၏ သတင်းထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ခဲ့ရာ ဟားခါးမြို့နယ်၌ တော်လှန်ရေးဆောင်ရွက်ခဲ့မှု သမိုင်းအကျဉ်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟားခါး CDF အနေဖြင့် မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ကျော်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဟားခါး CDF ကောင်စီအနေဖြင့် ဟားခါးမြို့နယ်၏ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု ဖော်ပြသည်။

ဟားခါးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သူ ၃၃၇ဦး ရှိပြီး ၃၀၉ ဦး ပြန်လည် လွတ်မြောက်ကာ ၂၈ဦး မတရားဖမ်းဆီးချုပ်နှောင် ခံရဆဲဖြစ်ကြောင်း၊ စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ‌ခြောက်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၂၇လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဟားခါးမြိုနယ်၏ တော်လှန်ရေးလမ်းစဉ်ကို ယခုကျင်းပပြီးစီးခဲ့သည့် ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်၊လမ်းညွှန်ချက်အတိုင်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

ညီလာခံ၏အဓိကကျသော ဆုံးဖြတ်ချက်များကို ထုတ်ပြန်ခဲ့ရာ ချင်းလူမျိုးနှင့် ချင်းပြည်သည် မတရားအာဏာရှင်အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒအုပ်ချုပ်ရေးမှ လွတ်မြောက်သည်အထိ တော်လှန်ရေးဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး /ချင်းအမျိုးသားတပ်မတော်( CNF/CAN) နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဟု ဖော်ပြသည်။

ဟားခါး CDF ကောင်စီ သည် Mie ဒေသ၊ Senthang ဒေသ၊ Zokhua ဒေသနှင့် ဟားခါးမြို့ပေါ်ဒေသ စသည့်ဒေသ (၄)ခုဖြင့် စုဖွဲ့ထားသည်နှင့်အညီ တော်လှန်ရေးကာလအတွင်း ဟားခါး CDF ကောင်စီသည်သာ ၎င်း (၄)ဒေသ၏တရားဝင်ကိုယ်စားပြုဖြစ်ပြီး အခြားမည်သည့် လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေး အဖွဲ့မျှဖွဲ့စည်းခြင်းမပြုရကြောင်း ထုတ်ပြန်သည်။

ဟားခါးမြို့နယ်အတွင်း ယခင်ကစုဖွဲ့ခဲ့သော တော်လှန်ရေးအစုအဖွဲ့များအားလုံးသည် လူထုညီလာခံက တရားဝင်ဖျက်သိမ်းပြီး ဟားခါး CDF ကောင်စီ နှင့်ဆက်စပ်သော အစုအဖွဲ့များသာ တရားဝင်အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အခြားဒေသမှ တော်လှန်ရေးအဖွဲ့များအနေဖြင့် ဟားခါးမြို့နယ် တော်လှန်ရေးကိစ္စအဝဝအတွက် ဟားခါး CDF ကောင်စီကိုသာ တိုက်ရိုက်ချိတ်ဆက်ရန်နှင့် ကျန်မည်သည့် အစုအဖွဲ့ကိုမျှ ချိတ်ဆက်ခြင်းမပြုရန် အသိပေးထားသည်။

ဟားခါးမြို့နယ်၏ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စအားလုံးကို Cဟားခါး CDF ကောင်စီ မှ တာဝန်ယူဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်သည်။

ဟားခါး CDF ကောင်စီက တော်လှန်ရေးအတွက် အတည်ပြုသည့် ဥပ‌ဒေများအတိုင်း ဆောင်ရွက်သော ကိစ္စနှင့်ဖြစ်စဉ်များသည် တော်လှန်းရေးအကျိုးဆက်ကြောင်ပေါ်ပေါက်လာသော တရားဝင်အစိုးရက ဆက်ခံရမည်ပြီး နောက်ကြောင်းပြန်ပြန်လည်စီရင်ခြင်းနှင့် ပြစ်ဒဏ်ချ မှတ်ခြင်းများ မပြုလုပ်ရဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။