Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲ ၁၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၄၀၀ကျော်သေဟု ဟားခါး CDF အသိပေး

ဟားခါးမြိုနယ်၏ တော်လှန်ရေးလမ်းစဉ်ကို ယခုကျင်းပပြီးစီးခဲ့သည့် ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်၊လမ်းညွှန်ချက်အတိုင်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

(ဟားခါး CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)
(ဟားခါး CDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)

မြို့တွင်း စစ်ဆင်ရေး ၅၀ကျော်ပြုလုပ်ခဲ့ဟု ဖော်ပြ၊ ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်အရ တော်လှန်ရေးကိုအရှိန်မြှင့်ဆောင်ရွက်မည်ဟု ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၀၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၁၉ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၉၂ဦး ရှိခဲ့သည်ဟု ဟားခါး CDFက အသိပေး ထုတ်ပြန်သည်။

စက်တင်ဘာ ၉ရက်က ပြုလုပ်ခဲ့သည့် ဟားခါးလူထုညီလာခံ၏ သတင်းထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ခဲ့ရာ ဟားခါးမြို့နယ်၌ တော်လှန်ရေးဆောင်ရွက်ခဲ့မှု သမိုင်းအကျဉ်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟားခါး CDF အနေဖြင့် မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ကျော်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဟားခါး CDF ကောင်စီအနေဖြင့် ဟားခါးမြို့နယ်၏ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု ဖော်ပြသည်။

ဟားခါးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သူ ၃၃၇ဦး ရှိပြီး ၃၀၉ ဦး ပြန်လည် လွတ်မြောက်ကာ ၂၈ဦး မတရားဖမ်းဆီးချုပ်နှောင် ခံရဆဲဖြစ်ကြောင်း၊ စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ‌ခြောက်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၂၇လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဟားခါးမြိုနယ်၏ တော်လှန်ရေးလမ်းစဉ်ကို ယခုကျင်းပပြီးစီးခဲ့သည့် ဟားခါးလူထုညီလာခံ၏ ဆုံးဖြတ်ချက်၊လမ်းညွှန်ချက်အတိုင်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

ညီလာခံ၏အဓိကကျသော ဆုံးဖြတ်ချက်များကို ထုတ်ပြန်ခဲ့ရာ ချင်းလူမျိုးနှင့် ချင်းပြည်သည် မတရားအာဏာရှင်အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒအုပ်ချုပ်ရေးမှ လွတ်မြောက်သည်အထိ တော်လှန်ရေးဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး /ချင်းအမျိုးသားတပ်မတော်( CNF/CAN) နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဟု ဖော်ပြသည်။

ဟားခါး CDF ကောင်စီ သည် Mie ဒေသ၊ Senthang ဒေသ၊ Zokhua ဒေသနှင့် ဟားခါးမြို့ပေါ်ဒေသ စသည့်ဒေသ (၄)ခုဖြင့် စုဖွဲ့ထားသည်နှင့်အညီ တော်လှန်ရေးကာလအတွင်း ဟားခါး CDF ကောင်စီသည်သာ ၎င်း (၄)ဒေသ၏တရားဝင်ကိုယ်စားပြုဖြစ်ပြီး အခြားမည်သည့် လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေး အဖွဲ့မျှဖွဲ့စည်းခြင်းမပြုရကြောင်း ထုတ်ပြန်သည်။

ဟားခါးမြို့နယ်အတွင်း ယခင်ကစုဖွဲ့ခဲ့သော တော်လှန်ရေးအစုအဖွဲ့များအားလုံးသည် လူထုညီလာခံက တရားဝင်ဖျက်သိမ်းပြီး ဟားခါး CDF ကောင်စီ နှင့်ဆက်စပ်သော အစုအဖွဲ့များသာ တရားဝင်အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အခြားဒေသမှ တော်လှန်ရေးအဖွဲ့များအနေဖြင့် ဟားခါးမြို့နယ် တော်လှန်ရေးကိစ္စအဝဝအတွက် ဟားခါး CDF ကောင်စီကိုသာ တိုက်ရိုက်ချိတ်ဆက်ရန်နှင့် ကျန်မည်သည့် အစုအဖွဲ့ကိုမျှ ချိတ်ဆက်ခြင်းမပြုရန် အသိပေးထားသည်။

ဟားခါးမြို့နယ်၏ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စအားလုံးကို Cဟားခါး CDF ကောင်စီ မှ တာဝန်ယူဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်သည်။

ဟားခါး CDF ကောင်စီက တော်လှန်ရေးအတွက် အတည်ပြုသည့် ဥပ‌ဒေများအတိုင်း ဆောင်ရွက်သော ကိစ္စနှင့်ဖြစ်စဉ်များသည် တော်လှန်းရေးအကျိုးဆက်ကြောင်ပေါ်ပေါက်လာသော တရားဝင်အစိုးရက ဆက်ခံရမည်ပြီး နောက်ကြောင်းပြန်ပြန်လည်စီရင်ခြင်းနှင့် ပြစ်ဒဏ်ချ မှတ်ခြင်းများ မပြုလုပ်ရဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။