Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်းတစ်ခုကို KNU တပ်မဟာ(၆)သိမ်းပိုက်

စစ်ကော်စီတပ်အနေဖြင့် KNU တပ်မဟာ(၆)နယ်မြေသို့ ထိုးစစ်ဆင်မှုများစတင်ပြုလုပ်လာ၍ ကော့ကရိတ်မြို့နယ်၌ ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၆) တပ်ဖွဲ့ဝင်များက ယနေ့နံနက်တွင် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တပ်စွဲထားသည့် ခုတ်ခွား( ကာလိခီး) စခန်းကို ဩဂုတ် ၂၆ရက် နံနက် ၁၀နာရီ ကျော်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၇)တပ်ခွဲ (၁)တပ်ဖွဲ့ဝင်များက တက်ရောက် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

“အဲဒီစခန်းကို တက်ရောက်သိမ်းဆည်းတဲ့အချိန်မှာတော့ BGF တပ်ဖွဲ့တွေက ပြန်မခုခံပဲဆုတ်ခွာသွားခဲ့တဲ့အတွက် KNLA တပ်ဖွဲ့တွေက ခုတ်ခွားစခန်းကို အလွယ်တကူ သိမ်းဆည်းရမိခဲ့တယ်လို့” အမည်မဖော်လိုသူ တစ်ဦးက ပြောကြား‌ကြောင်း ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တပ်စခန်းသည် ဟိုးယခင်က KNU၏ တပ်စခန်းဖြစ်သည်ဟု ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကရင်အခေါ် ကာလိခီးပေါ့ အဲဒီ ခုတ်ခွားဆိုတဲ့ စခန်းက ကျွန်တော်တို့ကို ရန်သူက ထိုးစစ်ကြီးတွေလုပ်တဲ့အချိန်မှာ အဲဒီနေရာကို သွားစွဲထားတာဗျ။ စွဲထားတော့ သူ့အင်အားကို ရုတ်တဲ့အချိန်မှာ အဲဒီ BGFတွေကို တာဝန်ပေးထားတာ။ အခုကတော့ သူတို့ အင်အားက ဘယ်လိုရှိလဲ မသိ တစ်ဖက်က ကော့ကရိတ်တောင်ဘက်ခြမ်း ကမိုင်ကုန်းတို့ဘက်မှာ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့က တပ်အရွှေ့အပြောင်းတွေကိုတော်တော်လေးကို မြန်မြန်ဆန်ဆန် ကစားတဲ့အခါကျတော့ အဲဒီအရုတ်မှာ ကျွန်တော်တို့ လူကလည်း ဒါ နဂိုရ်ကတည်းက ကျွန်တော်တို့ ထိုင်ထားတဲ့နေရာကို သူတို့ အတင်းလုလို့ သာလျင်ဆိုတော့ သွားတဲ့သဘောကြားတယ်”ဟု ပဒိုစောလစ္စတန်က ပြောသည်။

စစ်ကော်စီတပ်အနေဖြင့် KNU တပ်မဟာ(၆)နယ်မြေသို့ ထိုးစစ်ဆင်မှုများစတင်ပြုလုပ်လာ၍ ကော့ကရိတ်မြို့နယ်၌ ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook