Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၈၀ဦးထက်မနည်းသေ

တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့သည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF

စစ်ရေးဆက်လက်တင်းမာနေဆဲဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ပြော

မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စက်တင်ဘာတစ်လတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ဦးထက်မနည်းသေဆုံးခဲ့ကာ ရဲဘော်ကိုးဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(အောက်တိုဘာ ၂ ရက်)တွင် ထုတ်ပြန်သည်။

ယခင်လ ၈ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကို မိုးဗြဲ PDFတပ်ရင်း (၁) ၊ တပ်ရင်း (၂) ၊ဖယ်ခုံ တပ်ရင်း (၁) ၊တပ်ရင်း (၂)၊လွိုင်ကော် PDF၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO)၊နေပြည်တော် PDF၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ကရင်နီတပ်မတော် (KA)၊KGZ နှင့် URF တို့က ပူးပါင်း၍ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း အသိပေးသည်။

အလားတူ ကရင်နီမဟာမိတ်တပ်ပေါင်းစုမှ ဒဏ်ရာရရှိသူ ၅၄ ဦး၊စိုးရိမ်ရဒဏ်ရာရရှိသူ ၁၀ ဦး အပါအဝင် မိုးဗြဲ PDF တပ်ရင်း (၁)မှရဲဘော် ငါးဦး၊တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး၊ဖယ်ခုံ တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး နှင့် URF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် KNDF တပ်ရင်း (၃)မှရဲဘော်တစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း MBPDF က ဆိုသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့သည်။

“လက်ရှိ အနေအထားက စခ ဘက်ကလည်း တပ်ဖြန့်ပြီး နေရာယူထားတယ်။ပြီးတော့ နေ့စဥ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတုန်း။တိုက်ပွဲ ဆိုင် နေတယ်လို့ ပြောလို့ရတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

ထို့ကြောင့် ပြည့သူများအနေဖြင့် တိုက်ပွဲသတင်း နားစွင့်ရန် နှင့် မိုးဗြဲမြို့တွင်း စစ်ကောင်စီထောင်ထားသည့် မိုင်းများရှိနေသောကြောင့် အသွားအလာနှင့် နေရပ်ပြန်ခြင်းမပြုလုပ်သေးရန်လည်း အထူးသတိပေးသည်။

ကရင်နီဒေသအတွက် စစ်ရေးအရ အရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က အကြိမ်ကြိမ်ကြိုးပမ်း ခဲ့ပြီး ယခုတစ်ကြိမ်ထိုးစစ်တွင် တင့်ကား ခြောက်စီးထက်မနည်းအသုံးပြုကာမြေပြင်အင်အား ၃၀၀ ကျော်ပါရှိကြောင်း ကရင်နီစစ်ရေးသတင်း ရင်းမြစ်များက အတည်ပြုသည်။

တိုက်ပွဲမှာ ရေရှည်ဆက်လက်ပြင်းထန်နိုင်သောကြောင့် ကျည် နှင့် ခဲယမ်းများကို ပြည်တွင်း၊ပြည်ပ ရှိပြည်သူများအနေဖြင့် ဆက်လက်ထောက်ပံ့ပေးရန် MBPDF က မေတ္တာရပ်ခံထား သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။