Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ စက်တင်ဘာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၈၀ဦးထက်မနည်းသေ

တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့သည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF

စစ်ရေးဆက်လက်တင်းမာနေဆဲဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ပြော

မိုးဗြဲမြို့တိုက်ပွဲ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စက်တင်ဘာတစ်လတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ဦးထက်မနည်းသေဆုံးခဲ့ကာ ရဲဘော်ကိုးဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(အောက်တိုဘာ ၂ ရက်)တွင် ထုတ်ပြန်သည်။

ယခင်လ ၈ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကို မိုးဗြဲ PDFတပ်ရင်း (၁) ၊ တပ်ရင်း (၂) ၊ဖယ်ခုံ တပ်ရင်း (၁) ၊တပ်ရင်း (၂)၊လွိုင်ကော် PDF၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO)၊နေပြည်တော် PDF၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ကရင်နီတပ်မတော် (KA)၊KGZ နှင့် URF တို့က ပူးပါင်း၍ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း အသိပေးသည်။

အလားတူ ကရင်နီမဟာမိတ်တပ်ပေါင်းစုမှ ဒဏ်ရာရရှိသူ ၅၄ ဦး၊စိုးရိမ်ရဒဏ်ရာရရှိသူ ၁၀ ဦး အပါအဝင် မိုးဗြဲ PDF တပ်ရင်း (၁)မှရဲဘော် ငါးဦး၊တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး၊ဖယ်ခုံ တပ်ရင်း (၂) မှ ရဲဘော်တစ်ဦး နှင့် URF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် KNDF တပ်ရင်း (၃)မှရဲဘော်တစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း MBPDF က ဆိုသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ဦးဒဏ်ရာရရှိကာ အသက် (၁၀)နှစ်အောက် ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ခြောက်ဦးလည်း သေဆုံးခဲ့သည်။

“လက်ရှိ အနေအထားက စခ ဘက်ကလည်း တပ်ဖြန့်ပြီး နေရာယူထားတယ်။ပြီးတော့ နေ့စဥ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတုန်း။တိုက်ပွဲ ဆိုင် နေတယ်လို့ ပြောလို့ရတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ - MBPDF ၊KNDF
မိုးဗြဲမြို့ စက်တင်ဘာတစ်လတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများ၊ ဓာတ်ပုံ – MBPDF ၊KNDF

ထို့ကြောင့် ပြည့သူများအနေဖြင့် တိုက်ပွဲသတင်း နားစွင့်ရန် နှင့် မိုးဗြဲမြို့တွင်း စစ်ကောင်စီထောင်ထားသည့် မိုင်းများရှိနေသောကြောင့် အသွားအလာနှင့် နေရပ်ပြန်ခြင်းမပြုလုပ်သေးရန်လည်း အထူးသတိပေးသည်။

ကရင်နီဒေသအတွက် စစ်ရေးအရ အရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က အကြိမ်ကြိမ်ကြိုးပမ်း ခဲ့ပြီး ယခုတစ်ကြိမ်ထိုးစစ်တွင် တင့်ကား ခြောက်စီးထက်မနည်းအသုံးပြုကာမြေပြင်အင်အား ၃၀၀ ကျော်ပါရှိကြောင်း ကရင်နီစစ်ရေးသတင်း ရင်းမြစ်များက အတည်ပြုသည်။

တိုက်ပွဲမှာ ရေရှည်ဆက်လက်ပြင်းထန်နိုင်သောကြောင့် ကျည် နှင့် ခဲယမ်းများကို ပြည်တွင်း၊ပြည်ပ ရှိပြည်သူများအနေဖြင့် ဆက်လက်ထောက်ပံ့ပေးရန် MBPDF က မေတ္တာရပ်ခံထား သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။