Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောက်ပို့အတွက် အရေးပါတဲ့ မဟာဗျူဟာ မြို့တစ်မြို့ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်

ပူတင်ရဲ့ မဟာမိတ်ဖြစ်ပြီး သဘောထား တင်းမာသူလို့ နာမည်ကြီးတဲ့ ချီချန်ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က ရုရှားဟာ အဆင့်နိမ့်တဲ့၊ ပေါက်ကွဲအား လျှော့ချထားတဲ့ နျူကလီးယား လက်နက်တွေတောင် သုံးစွဲသင့်နေပြီလို့ တိုက်တွန်းနေပါတယ်။

ထောက်ပို့အတွက် အရေးပါတဲ့ မဟာဗျူဟာ မြို့တစ်မြို့ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်
ထောက်ပို့အတွက် အရေးပါတဲ့ မဟာဗျူဟာ မြို့တစ်မြို့ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်

မဟာဗျူဟာအရ အချက်အခြာကျတဲ့ ယူကရိန်း မြို့တစ်မြို့ကနေ ရုရှားတပ်တွေ အသည်းအသန် ဆုတ်ခွာခဲ့ရကြောင်း သိရပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာပြီး နောက်တစ်နေ့မှာပဲ လိုင်မန်က ရုရှားတပ်တွေ အကွဲအပြဲနဲ့ တပ်ဆုတ်လာရတာ ဖြစ်ပါတယ်။

ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းမှာ ဆင်နွှဲတဲ့ တန်ပြန်ထိုးစစ်မှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေပြီး အခုဆိုရင် လိုင်မန်မြို့ကိုလည်း ပြန်လည် ရရှိသွားပါပြီ။ လိုင်မန်ဟာ ရုရှား ထိန်းချုပ် နယ်မြေတွေဖြစ်တဲ့ ဒွန်းဘက်စ်နဲ့ လူဟန့်စ်ခ်ကို ဆက်သွယ်ရာမှာ အချက်အခြာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း တပ်တွေက လိုင်မန်ကို ပတ်ပတ်လည် ဝန်းရံပိတ်ဆို့လာတာကြောင့် ရုရှားတပ်တွေ အသည်းအသန် ဆုတ်ခွာခဲ့ရတာပါ။ လိုင်မန်ကို သိမ်းယူလိုက်နိုင်တာဟာ ယူကရိန်း အတွက်တော့ မဟာဗျူဟာ ရှုထောင့်အရ အရေးပါတဲ့ အသာရမှုတစ်ခု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ယူကရိန်း စစ်သားတွေဟာ မြို့အဝင်လမ်းနားမှာ နိုင်ငံတော် အလံကို ဝှေ့ရမ်း အောင်ပွဲခံနေတာ တွေ့ရပါတယ်။ ယူကရိန်း စစ်မြေပြင်မှာ ဆက်တိုက် အရေးနိမ့်မှုတွေကြောင့် ယူကရိန်း သမ္မတ ဗလာဒီမာ ပူတင်ဟာ လူငယ်တွေကို စစ်ထဲဆွဲသွင်းမယ့် အငြင်းပွားစရာ အမိန့်ကိုပါ ထုတ်ပြန်ထားရပါတယ်။

ပူတင်ရဲ့ မဟာမိတ်ဖြစ်ပြီး သဘောထား တင်းမာသူလို့ နာမည်ကြီးတဲ့ ချီချန်ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က ရုရှားဟာ အဆင့်နိမ့်တဲ့၊ ပေါက်ကွဲအား လျှော့ချထားတဲ့ နျူကလီးယား လက်နက်တွေတောင် သုံးစွဲသင့်နေပြီလို့ တိုက်တွန်းနေပါတယ်။

လောလောဆယ် ရုရှား အစိုးရက လိုင်မန်မှာ ယူကရိန်း စစ်တပ်က အင်အားသာနေတာကြောင့် ရုရှားတပ်တွေ ဆုတ်ခွာပေးခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှား အသိမ်းပိုက်ခံ ယူကရိန်း နယ်မြေ အားလုံး လွတ်လပ်ရေး ရတဲ့ထိ မမှိတ်မသုန် ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။