Connect with us

Hi, what are you looking for?

ဗီဒီယို

ကိယက်ဗ် အပါအဝင် ယူကရိန်း မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပူတင်အတည်ပြု

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

ယူကရိန်းနိုင်ငံ အနှံ့က မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်စေခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြု ပြောကြားသွားပါတယ်။

အောက်တိုဘာ ၁၀ ရက်က မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းက မြို့ကြီး တော်တော်များများမှာ ဒုံးကျည်တွေ ဆက်တိုက် ကျရောက်ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိယက်ဗ်ဟာ ဧပြီလနောက်ပိုင်း အခုလိုမျိုး ပြင်းထန်တဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ပထမဆုံးအကြိမ် ပြန်လည် ကြုံတွေ့လာတာပါ။

ကိယက်ဗ်အပြင် ဒီနီပရို၊ ခါကစ်ဗ်၊ လာဗစ်ဇ်၊ ဇာပေါ်ရစ်ဇီရာနဲ့ တခြားမြို့ကြီးတွေမှာလည်း ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲပြီး အရပ်ဖက် အခြေခံ အဆောက်အအုံတွေပါ ထိခိုက် ပျက်စီးခဲ့ကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ရှေ့တန်း စစ်မြေပြင်နဲ့ ဝေးကွာတဲ့ ယူကရိန်း အလယ်ပိုင်းက မြို့တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ထိခိုက်သေကြေမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အဲဒီနောက် ဗီဒီယိုကနေတဆင့် ပြောကြားသွားတဲ့ မိန့်ခွန်းတစ်ခုမှာတော့ ပူတင်က အဲဒီ ဒုံးကျည် တိုက်ခိုက်မှုတွေဟာ ရုရှားလက်ချက်လို့ အတည်ပြုသွားပါတယ်။ တကယ်လို့ ရုရှားပိုင်နက်မှာ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်ပြီး ကျူးလွန်မယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံရစေမယ်လို့လည်း ပူတင်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။

ရုရှားက ယူကရိန်း မြို့ကြီးတွေကို ဒုံးကျည် အစင်းရေ ၇၀ ကျော်၊ ၈၀ နီးပါးလောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ယုံကြည်ရပြီး ဒီဖြစ်ရပ်ဟာ ယူကရိန်း စစ်ဆင်ရေးဆိုင်ရာ ရုရှား စစ်ဦးစီး အရာရှိ အပြောင်းအလဲနဲ့လည်း သက်ဆိုင်ဖွယ် ရှိနေပါတယ်။ ပူတင်ဟာ ရက်စက်ကြမ်းတမ်းလွန်းသူ တစ်ဦးအဖြစ် နာမည်ကျော်တဲ့ ဗိုလ်ချုပ် ဆာဂျီ ဆူရိုဗစ်ကင်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ယူကရိန်း စစ်ဆင်ရေး အားလုံးကို ကွပ်ကဲမယ့် စစ်ဦးစီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။