Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား၊ ယူကရိန်းနဲ့ ဘီလားရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူတွေ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

ဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည်ပေါင်း ၃၄၃ ခုထဲကမှ စိစစ်ရွေးချယ် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ရုရှား၊ ယူကရိန်းနဲ့ ဘီလားရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူတွေ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ
ရုရှား၊ ယူကရိန်းနဲ့ ဘီလားရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူတွေ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

ရုရှား-ယူကရိန်း စစ်ပွဲကို တစ်ကမ္ဘာလုံး အာရုံစိုက်နေချိန်မှာ အခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရုရှား၊ ယူကရိန်းနဲ့ ရုရှားရဲ့ မဟာမိတ် ဘီလားရုစ် နိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အသင်းအဖွဲ့တွေက ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်မှာ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီက ၂၀၂၂ ခုနှစ်အတွက် ဆုရှင်တွေအဖြစ် လူပုဂ္ဂိုလ် တစ်ဦးနဲ့ အဖွဲ့အစည်း နှစ်ခုရဲ့ နာမည်တွေကို အတည်ပြု ကြေညာသွားပါတယ်။ လူပုဂ္ဂိုလ်ကတော့ ဘီလားရုစ် နိုင်ငံသား အဲလက်စ် ဘီအန်လီယတ်စကီဖြစ်ပြီး ရုရှား လူ့အခွင့်အရေးအဖွဲ့ Memorialနဲ့ ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ Center for Civil Libertiesတို့လည်း ဒီဆုကို ပူးတွဲ ရရှိခဲ့ကြပါတယ်။

ဒီနှစ် ဆုရသူတွေဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးက လူမှုအသင်းအဖွဲ့တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးစား အားထုတ်မှုတွေကို ကိုယ်စားပြုကြောင်း၊ ဆုရသူ အားလုံးဟာ နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့် တန်ဖိုးတွေနဲ့ အာဏာကို တန်ပြန် ဝေဖန်ပိုင်ခွင့်တွေအပေါ် စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့ကြတယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ ဆုရတဲ့ထဲမှာ Memorialဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရုရှား တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်ကြောင့် ဖျက်သိမ်းခဲ့ရပြီး ဖြစ်ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်ကမ္ဘာနဲ့ ရုရှားတို့ကြား အားပြိုင်မှုတွေ အမြင့်ဆုံး ဖြစ်နေချိန်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ် ချီးမြှင့်ပုံတွေက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ လီယတ်စကီဟာ ဘီလားရုစ်မှာ အစိုးရရဲ့ အငြှိုးထားမှုကို ခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးပါ။ ဘီလားရုစ် အစိုးရဟာ စစ်ပွဲ အစပိုင်းမှာ ရုရှားတပ်တွေ ယူကရိန်းကို တိုက်ခိုက်နိုင်အောင် နိုင်ငံပိုင်နက်ကို အသုံးပြုခွင့် ပေးခဲ့ဖူးပါတယ်။ Center for Civil Libertiesကတော့ ယူကရိန်းမှာ ရုရှားစစ်တပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အင်တိုက်အားတိုက် ရှာဖွေ စုဆောင်းပေးနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ရုရှား အဓိက အတိုက်အခံခေါင်းဆောင် အလက်ဆီ နက်ဗဲလ်နေးတို့ နှစ်ယောက်လည်း ဆန်ခါတင်စာရင်း နာမည်တင်သွင်းခံရပေမယ့် ဆုတော့ မရခဲ့ပါဘူး။ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း နာမည်ပေါင်း ၃၄၃ ခုထဲကမှ စိစစ်ရွေးချယ် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။