Connect with us

Hi, what are you looking for?

သတင်း

YDF ဒုခေါင်းဆောင်နှင့် ရဲဘော်တစ်ဦး ကျဆုံးမှုအပေါ်ဝမ်းနည်းကြောင်း မင်းတပ် CDFထုတ်ပြန်

YDF ရဲဘော်များကျဆုံးသည့် သတင်းကြားရသည်နှင့် တပြိုက်နက် မင်းတပ် CDF၏ တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့သည်ဟု အသိပေးထားသည်။

YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ - ယောအလင်းတန်း
YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ - ယောအလင်းတန်း

ယောကာကွယ်ရေးတပ် (YDF) ၏ ဒုတိယခေါင်းဆောင်ကိုဖြိုးဝေစိုး နှင့် ရဲတော်တစ်ဦး ကျဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ကျဆုံးရဲဘော်များအား အလေးပြုဦးညွှတ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

YDFမှ ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုး နှင့် ရဲဘော်ပွားလေး (ခ)ပြည့်ဖြိုးလင်းတို့သည် အောက်တိုဘာ ၉ရက်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

YDF ရဲဘော်များကျဆုံးသည့် သတင်းကြားရသည်နှင့် တပြိုက်နက် မင်းတပ် CDF၏ တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

မင်းထပ် CDFနှင့် YDFတို့သည် ညီနောင် တော်လှန်ရေးအဖွဲ့များဖြစ်သည့်အပြင် နီးကပ်စွာ ပူးပေါင်းခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း မင်းတပ် CDF အနေဖြင့် YDF အပါအဝင် အခြားညီနောင် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို တိုက်ထုတ်ပြီး တန်းတူရေးနှင့် တရားမျှတာမှု့ကို ဖော်ထုတ်ကျင့်ကြံ အားထုတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

YDF ဒုခေါင်းဆောင်နှင့် ရဲဘော်တို့ ကျဆုံးခဲ့မှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူများ၊ ရက္ခိုင့်တပ်တော်(AA)တို့အပါအဝင် တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။