Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

YDF ဒုခေါင်းဆောင်နှင့် ရဲဘော်တစ်ဦး ကျဆုံးမှုအပေါ်ဝမ်းနည်းကြောင်း မင်းတပ် CDFထုတ်ပြန်

YDF ရဲဘော်များကျဆုံးသည့် သတင်းကြားရသည်နှင့် တပြိုက်နက် မင်းတပ် CDF၏ တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့သည်ဟု အသိပေးထားသည်။

YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ - ယောအလင်းတန်း
YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ - ယောအလင်းတန်း

ယောကာကွယ်ရေးတပ် (YDF) ၏ ဒုတိယခေါင်းဆောင်ကိုဖြိုးဝေစိုး နှင့် ရဲတော်တစ်ဦး ကျဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ကျဆုံးရဲဘော်များအား အလေးပြုဦးညွှတ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

YDFမှ ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုး နှင့် ရဲဘော်ပွားလေး (ခ)ပြည့်ဖြိုးလင်းတို့သည် အောက်တိုဘာ ၉ရက်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

YDF ရဲဘော်များကျဆုံးသည့် သတင်းကြားရသည်နှင့် တပြိုက်နက် မင်းတပ် CDF၏ တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

မင်းထပ် CDFနှင့် YDFတို့သည် ညီနောင် တော်လှန်ရေးအဖွဲ့များဖြစ်သည့်အပြင် နီးကပ်စွာ ပူးပေါင်းခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း မင်းတပ် CDF အနေဖြင့် YDF အပါအဝင် အခြားညီနောင် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို တိုက်ထုတ်ပြီး တန်းတူရေးနှင့် တရားမျှတာမှု့ကို ဖော်ထုတ်ကျင့်ကြံ အားထုတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

YDF ဒုခေါင်းဆောင်နှင့် ရဲဘော်တို့ ကျဆုံးခဲ့မှုအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူများ၊ ရက္ခိုင့်တပ်တော်(AA)တို့အပါအဝင် တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။