Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် အရက်သော​က်နေသည့် စစ်အုပ်စုကို လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် တပ်ရင်း (၇)၏ Zero ပြောက်ကျားတပ်ဖွဲ့နှင့် True Fighter အဖွဲတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လျက်ဆားပုလင်းမိုင်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Zero)
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လျက်ဆားပုလင်းမိုင်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Zero)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ရဲစခန်းဝင်းအတွင်း အရက်သောက်နေသော ရဲအုပ်စုနှင့် အထက်တန်း ကျောင်းတ​ပ်စွဲထားသော စစ်ကောင် စီတပ်သားများအား လျက်ဆားပုလင်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇ )၏ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် တပ်ရင်း (၇)၏ Zero ပြောက်ကျားတပ်ဖွဲ့နှင့် True Fighter အဖွဲတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (အောက်တိုဘာလ ၂ဝ ရက်) ည ၇နာရီခန့်က မြင်းမူမြို့နယ် ရဲစခန်းတွင် ဝိုင်းဖွဲ့ပြီးအရက်သောက် နေသည့် ရဲများအား လျက်ဆားပုလင်းမိုင်းဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ရဲ သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇ )၏ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၁ ရက်)နံနက် ၅ နာရီ ၁၁ မိနစ်အချိန်ကလည်း မြင်းမူအထက်တန်းကျောင်း ၌ တပ်စွဲထားသော စစ်ကောင်စီတ​ပ်၏ ကင်းစောင့်နေသော စစ်ကောင်စီတပ်များကို လျက်ဆားပုလင်းမိုင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသည်ဟု သိရကြောင်း တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးတွေကလည်း ပစ်ပြီးတော့ ပြေးလာရတော့ ဘာမှစုံစမ်းလို့မရဘူး။ ဒီနေ့မနက်ကျမှ ထိခိုက်မှုတွေစုံစမ်းတော့ မစ်ရှင်နှစ်ခုပေါင်း ၇ ကောင်ရလိုက်တယ်။ ရဲစခန်းထဲမှာ နာရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရတယ်။”ဟု တပ်ရင်း (၇) တပ်ရင်းမှူးက ပြောသည်။

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်အား ပြောက် ကျားတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယမန်နေ့ (အောက်တိုဘာ၂၀ရက်) ည ၇နာရီခွဲခန့်ကလည်း မြင်းမူမြို့ရှောင်လမ်း၌ စစ်ကိုင်းတပ်မ(၃၃)မှ မုံရွာသို့သွားသော စစ်ကား သုံးစီးအနက် နှစ်စီးမြောက်ကို ပဒေသာမိုင်း(၅)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PAFDက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။