Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ် ပရိမ္မရွာကို စစ်ကောင်စီတပ် ဝင်စီးထားပြီး ပြည်သူအများအပြားပိတ်မိနေ

စစ်ကောင်စီတပ်သည် မြောင်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။

မြောင်နယ် ပရိမ္မရွာကို စစ်ကောင်စီတပ် ဝင်စီးထားပြီး ပြည်သူအများအပြားပိတ်မိနေ
မြောင်နယ် ပရိမ္မရွာကို စစ်ကောင်စီတပ် ဝင်စီးထားပြီး ပြည်သူအများအပြားပိတ်မိနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်စီးနင်းနေပြီး ဒေသခံပြည်သူအများအပြားပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် ၆နာရီဝန်းကျင်က ​မြောင်မြို့နယ်၊ ပရိမ္မရွာကို ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်များက (၄၀)မမ၊(၆၀)မမများဖြင့် ဝင်ရောက်ပစ်ခတ်စီးနင်းနေခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

“ပရိမ္မကို ကျောက်ရစ်စခန်းက စစ်ကောင်စီတပ် တွေ ဝင်ရောက်စီးနင်းခြင်းခံရတယ်။ ပြည်သူအများအပြားလဲပိတ်မိနေကြောင်းသိရပါတယ် “ဟု ကိုနွေဦးမြောင်က ပြောသည်။

နံနက် ၈ နာရီဝန်းကျင်တွင် MI 35 တစ်စီး ပရိမ္မကျေးရွာပေါ် ဝဲနေပြီး Mi 35တစ်စီးနှင့် MI 17 နှစ်စီးသည် ပရိမ္မအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင် များအား မြေပြင်သို့ချနေကြောင်း Myaung Union Armyအဖွဲ့ဝင် ကိုတိုက်ဂါးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ပရိမ္မဘက်ကနေ လက်နတ်ကြီးသံတွေအဆက်မပြတ် ကြားနေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

နံနက် ၈ နာရီ၁၅ ဝန်းကျင်တွင် MI17 နှစ်စီးသည် မုံရွာ(နမခ)ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မြောင်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုအား ကောင်းသည့် မြောင်နယ်တွင် ယမန်နေ့က မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် အစောင့်စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook