Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)နှင့်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သုံးဦးသေ

လွန်ခဲ့သည့် ၅ရက်ခန့်ကလည်း အဆိုပါ တကောင်းဘိုးကျေးရွာအုပ်စုရှိ မီးပုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၁) တပ်ဖွဲ့ဝင်များ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဥင်္ကလည်း စစ်ကောင်စီတပ်က သုံးဦးကျဆုံးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့နက်နံ ပိုင်းက ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု လယ်တောကြီးရွာနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်အုပ်စုမှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၁)၏ သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့ တိုက်ပွဲတွင် KNU တပ်မဟာ(၁)ဘက်က ထိခိုက် ကျဆုံးမှုရှိမရှိကိုမူ ဖော်ပြမထားပေ။

လွန်ခဲ့သည့် ၅ရက်ခန့်ကလည်း အဆိုပါ တကောင်းဘိုးကျေးရွာအုပ်စုရှိ မီးပုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၁) တပ်ဖွဲ့ဝင်များ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုစဥင်္ကလည်း စစ်ကောင်စီတပ်က သုံးဦးကျဆုံးခဲ့သည်။

အဆိုပါ တပ်မဟာ(၁)နယ်မြေသို့ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တို့က စစ်ရေးလှုပ်ရှားမှုများ ယခင်ထက်ပိုမိုပြုလုပ်လာသောကြောင့် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook