Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် က အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာမှ အသက်(၅၂)နှစ်အရွယ် ဦးဖိုးဝ(ခ)ဦးသိန်းဇော်အား စစ်ကောင်စီက သတ်ဖြတ်သွားခြင်းဟုပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်သည်။

ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး
ပေါင်းတည်တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦး သတ်ဖြတ်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ တဲ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီး

“ဦးဖိုးဝကို ဖမ်းသွားတာက အောက်တိုဘာ ၂၉ ရက်မှာ။ ကျွန်တော်တို့ အလောင်းပြန်တွေ့တာက နိုဝင်ဘာ ၁ရက်နေ့။ PDF ကို မဲပြီးသတ်ပစ်တာ” ဟု PPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပဲခူးရိုးမနှင့် ထိစပ်နေသော လဲပင်ကျေးရွာအတွင်းတွင် ပြီးခဲ့သည့်မတ်လက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လဲပင်ကျေးရွာတွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လဲပင်ရွာအနီး စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် PDFက အောက်တိုဘာ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် များရှိရာဆီအထိ ရောက်လာပြီး အရပ်သားတစ် ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် များကို ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်း၊ စစ်ဘေးရှောင်တဲများအား မီးရှို့ခြင်းများပြုလုပ် နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များကပြောသည်။

ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။