Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး (သုံး ရက်) သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာသည့် ကားများကို သိမ်းဆည်းသွားမည်ဟု ဖော်ပြ သည်။

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး
လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

လွိုင်ကော် – မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ယနေ့(နိုဝင်ဘာ ၄ရက်)အသိပေး ထုတ်ပြန် သည်။

တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး (သုံး ရက်) သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာသည့် ကားများကို သိမ်းဆည်းသွားမည်ဟု ဖော်ပြသည်။

ထို့အပြင် ပြည်နယ်ပြင်ပမှ ရွှေ့ပြောင်းလုပ်သား များနှင့် ဆိုင်ကယ်ကုန်စိမ်းရောင်သူများကို လုံးဝ ဝင်ရောက်ခွင့် မပြုကြောင်း တားမြစ်ထားသည်။

လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး
လွိုင်ကော်-မော်ချီးလမ်းပိုင်း အသုံးပြုမည့် ပြည်သူများ လုပ်ဆောင်ရမည့်တာဝန်များ KNDF အသိပေး

လွိုင်ကော်-မော်ချီးလမ်းပိုင်း သွားလာခွင့်သတ်မှတ်ရက်အတွင်း၌လည်း နံနက် ၆ နာရီ မှ ညနေ ၅ နာရီအထိသာ သွားလာရန် နှင့် သတ်မှတ်ချိန်ထက်ကျော်လွန်ပါက မည်သည့် အာမခံချက်မှ မပေးနိုင်ကြောင်း KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြတ်သန်းအသုံးပြုမည့် ယာဥ်ကြီးအမျိုးအစား တွင် ကန်တာ (၁၄)ပေ အထိသာခွင့်ပြုမည်ဖြစ်ပြီးနွား၊ဝက်သယ်ဆောင်မည့် ယာဥ်များမှာလည်း သတ်မှတ်ရက်အတိုင်း ဖြတ်သန်းရမည်ဟု ဆိုသည်။

ယခုသတိပေးချက်များကို ကရင်နီပြည်အစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် KNDF ဗဟိုကော်မတီညတို့၏ အစည်းအဝေးဆုံးဖြတ်ခဲ့ခြင်း လည်းဖြစ်သည်။

“အခု လမ်းပိုင်းက မော်ချီးကနေ ဖားဆောင်၊ဘော်လခဲ၊ဖရူဆို၊ဒီးမော့ဆို ပြီးမှ လွိုင်ကော် ပေါ့။အဓိကတော့ စကစ ရဲ့ ထောက်ပို့ လမ်းကို ပိတ်ဆို့တာ။ဒီလမ်းပိုင်းကလည်း လက်ရှိ စစ်ရေးအရ အရေးကြီးတဲ့ နေရာတစ်ခု ပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

ယခုထုတ်ပြန်ချက်မတိုင်မီကလည်း တိုက်ပွဲများပြင်းထန်နေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီသူလျှိုများ အရပ်သားဟန်ဆောင် သွား လာနေသဖြင့် ၂/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ သွားလာခွင့်ပြုမည်ဟု လွိုင်ကော်အခြေစိုက်KNDFတပ်ရင်း -၂က စက်တင်ဘာ တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။