Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်
နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ၎င်းတို့ မိုင်းမိသည့်နေရာအနီးမှ ​ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နယ်၊မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာမှ ဒေသခံ လယ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာလ ၄ရက်)နေ့လယ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

“လမ်းမပေါ် မိုင်းပေါက်လို့ဆိုပြီး လမ်းဘေးလယ်ထဲက ဦးကြီးနှစ်ယောက်ကို ပစ်သတ်သွားတာ။ ဘာမှမဆိုင်ဘဲ ပစ်သတ်တာ”ဟု နမ်းခမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်
နမ့်ခမ်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံလယ်သမားနှစ်ဦးကို သတ်ဖြတ်

အသတ်ခံရသူနှစ်ဦးမှာ မန်စပ်ကျေးရွာမှအသက်(၅၀)ဝန်းကျင် ဒေသခံနှစ်ဦးဖြစ်သည်။

Public Service Announcement

Public Service Announcement

တောင်သူလယ်သမားနှစ်ဦးအပြင် လယ်ကွင်းထဲရှိ ကျွဲကိုပါသေနတ်ဖြင့် ပစ်သတ်သွားသည်ဟု မန်စပ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ထားသည်။

“စကစဆိုတာ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ရိုက်ချင်သလိုရိုက်၊ သတ်ချင်သလိုသတ်၊ ဥပဒေဆိုတာသူတို့လက်ထဲမှာ။အပြစ်မဲ့မန်စပ်ရွာသားနှစ်ဦး လယ်ထဲစပါးသိမ်းနေတာကို ပစ်သတ်သွားတယ်။ကျွဲကအစမချန်ဘူး”ဟု မန်စပ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်တို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကို ခံနေရသည်။တိုက်ပွဲတွင် အထိနာတိုင်း စစ်ကောင်စီက အရပ်သားများကို အညိုးအတေးထား လက်တုံ့ပြန်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။