Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ်ရှိ ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ယာယီစခန်း မီးရှို့ဖျက်ဆီးခံရ

နိုဝင်ဘာ ၃ရက်တွင် ဗိုလ်လင်းယုန် ယာယီစခန်းအား ‌စစ်ကောင်စီသတင်းပေး၏ လိုက်လံပြသမှုကြောင့် မီးရှို့ခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်
ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်လင်းယုန် တပ်ဖွဲ့၏ ယာယီစခန်းအား စစ်ကောင်စီတပ် က မီးရှို့ဖျက်ဆီးခဲ့ရာ စခန်းတွင်းမိုင်းများပေါက်ကွဲ၍ ​စစ်အုပ်စုများ ဆုတ်ခွာသွားခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၃၁ရက်က စဉ့်ကူးမြို့နယ်၊နွယ်ရုံရဲစခန်းအား ဗိုလ်လင်းယုန်တပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၃ရက်တွင် ဗိုလ်လင်းယုန် ယာယီစခန်းအား ‌စစ်ကောင်စီသတင်းပေး၏ လိုက်လံပြသမှုကြောင့် မီးရှို့ခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

၎င်းစခန်းအား စွန့်ခွာခဲ့သည်မှာကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က ဒရုန်းဖြင့်လည်းကောင်း၊စစ်ကြောင်းထိုး၍လည်းကောင်း ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စောင့်ကြည့်ရဲ‌ဘော်၏ပြောပြချက်အရ စစ်အုပ်စုက စခန်းအတွင်းသို့ ဝင်ရောက် ပစ်ခတ် မီးရှို့ရာ စခန်းတွင်းရှိ မိုင်းများကွဲ၍ ကျန်အဆောင် များအား မဝင်တော့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးသည်။

ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်
ယာယီစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်လင်းယုန်

အဆိုပါ စခန်းကိုသတင်းပေးခဲ့သော စစ်ကောင်စီသတင်းပေးအား သတင်းအတိအကျဖြင့် သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့သည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ