Connect with us

Hi, what are you looking for?

သတင်း

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို

“လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။”ဟု ကိုသက်ကြီးက ပြောသည်။

မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ခွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်အား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်း-၇ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။

ယနေ့(နိုဝင်ဘာ၆ရက်) ညနေ၄နာရီ၂၃မိနစ်ခန့်က မြင်းမူမြို့၊မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)-တပ်ရင်း-၇နှင့် လက်အောက်ခံတပ်ခွဲ(၃)True Fighterအဖွဲ့တို့က လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ခေါင်းဆောင် ကိုသက် ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“လမ်းပိတ်ပြီးတော့ လိုက်လံပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေကတော့ အန္တရာယ်ကင်းတဲ့နေရာပြန်ရောက်ပါပြီ။”ဟု ကိုသက်ကြီးက ပြောသည်။

နိုဝင်ဘာ ၃ ရက်ကလည်း အရာတော်မြို့နယ် သလဲဘာပျူကျေးရွာနှင့် စစ်တပ်အခြေစိုက်စခန်းအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနှင့်ပျူ အများအပြားသေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook