Connect with us

Hi, what are you looking for?

ဗီဒီယို

တန်ဆောင်မုန်းလပြည့်

ရွေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ယနေ့တွင်ရန်ကုန်မြို့ရှိ ဘုရားများသို့သွားရောက်သူများပြားခဲ့သည်။

ရွှေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

ည ၆နာရီခွဲခန့်တွင် ရွှေတိဂုံဘုရား ပြန်ကြားရေးအဖွဲ့က တန်ဆောင်မုန်းလပြည့်နေ့တွင် အခြားနေရာတစ်ခုမှ မီးရှူးမီးပန်းများဖောက်မည့် အစီအစဉ်ရှိသောကြောင့် မလန့်ရန် ကြေညာခဲ့သည်။

ထို့နောက် ည ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်မှ မီးရှုးမီးပန်းများ ဆယ်မိနစ်ခန့် ဆက်တိုက်ဖောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရွှေတိဂုံဘုရားကဲ့သို့ပင် ဗိုလ်တထောင်ဘုရားတွင်လည်း စတုဒီသာအစီအစဉ်များရှိသောကြောင့် စီတန်းနေသည့် ဘုရားဖူးအများအပြား‌တွေ့ခဲ့ရသည်။
ယင်းဘုရားတွင် စစ်ကောင်စီလက်အောက်ခံရုပ်သံလိုင်း ‌ရွှေသံလွင်မီဒီယာက စတုဒီသာအလှူပြုလုပ်သည်ကိုတွေ့ခဲ့ရသည်။

ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား၌ ဆီမီး ၅၀၀၀ ပူဇော်ပွဲပပြုလုပ်ရန် စီစဉ်နေသည်ကိုတွေ့ရပြီး ဘုရားဖူး ခပ်ကျဲကျဲသာ‌တွေ့ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။