Connect with us

Hi, what are you looking for?

News

စစ်အုပ်စုယာဥ်တန်းအား KNU မိုင်းခွဲတိုက်ခိုက်

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဖက်မှ ကားနှစ်စီးပျက်စီးကာ တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အတွင်းရှိ လေးကေကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပိန္နဲတောတပ်စခန်းမှ စစ်ကား​လေးစီးအား ဘီးလင်းမြို့နယ် တာပေါကျေးရွာအုပ်စုအတွင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့ဟု သထုံခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ယာဉ်တန်းမလာမီ စက်တင်ဘာ ၃ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဝင်းတာပန်တပ်စခန်းမှ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ်တို့က လမ်းလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း၊စက်တင်ဘာ ၃ရက် ညနေပိုင်းတွင် ယာဉ်တန်းကို KNLA တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုဖက်မှ ကားနှစ်စီးပျက်စီးကာ တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

နယ်မြေအတွင်း ဝင်လာ၍ ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ရမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို သထုံခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဘားအံမြို့နယ်တွင်လည်း စက်တင်ဘာ ၃ရက် နံနက်က KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ် ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။