Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ထိုးစစ်အပေါ် ကော်ဘရာစစ်ကြောင်းနှင့်ပူးပေါင်းတပ် တုံ့ပြန်တိုက်ခိုက်

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ်များ ပြန်လည်ထွက်ပြေးသွားဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြဝတီဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်‌မြေအား စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေး တပ်ရင်းခလရ(၂၀၇)၊ ခမရ (၁၀၂)မှ နံနက်အစောပိုင်း ၃နာရီမှစ၍ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကို KNLA တပ်ရင်း(၂၇)၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီများ အရေးနိမ့်ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးသော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှု မရှိခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပူးပေါင်းစစ် ကြောင်းမှ နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီ ထွက်ပြေးသွားသောနေရာမှ (၄၀)မမ နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ဂေါ်ပြားတစ်လက် တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook