Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ပေါ် ကင်းပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

“ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Zero ပြောက်ကျားတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-Zero

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၆ ရက်)နံနက် ၅နာရီခွဲအချိန်က မြင်းမူမြို့ပေါ်၊ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့နှင့် တပ်ရင်း(၇)လက်အောက်ရှိ True Fighter အဖွဲဲ့တို့ပူးပေါင်းကာ သံပုရာသီးလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စခငါးကောင်ကို သံပုရာသီးလက်ပစ်ဗုံးတစ်လုံးနဲ့ ဝင်ပစ်တာ စခနှစ်ကောင်သေပါတယ်။”ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

​စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၁၁ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သည် ရွာအရှေ့ဘက်ထန်းတောထဲ ကင်းပုန်းဝပ်ကာ ဝိုင်းဖွဲ့ထိုင်ချိန် Zero ပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်