Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို
မြင်းခြံနယ် ပျားကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်၊ စစ်ကူကားပါ မိုင်းဆွဲခံရပြီး ၁၃ဦးခန့်သေဟုဆို

မန္တလေးတိုင်း မြင်းခြံနယ် ပျားကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် PDF တပ်ရင်း (၄) နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) က ပြောသည်။

နိုဝင်ဘာ ၈ ရက် ညနေ ၅ နာရီခန့်က ပျားကျေးရွာသို့ ရောက်ရှိနေသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား မြင်းခြံခရိုင် တပ်ရင်း (၄)နှင့်အတူ People’s Defense Force – Mandalay၊ 27 Revolution Forces၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်သည်ဟု ဆိုသည်။

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်း ထပ်မံသေဆုံးကာ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲပြီးသွားတော့ စခတွေက ရွာကိုမီးရှို့ဖျက်ဆီးတဲ့အတွက် သတင်းထုတ်ပြန်ဖို့ အဆင်မပြေလို့ အခုမှထုတ်ပြန်ရတာပေါ့။ ပျားရွာက အိမ်ခြေ ၅၀ လောက် မီးရှို့ခံလိုက်ရတယ်”ဟု မြင်းခြံခရိုင် တပ်ရင် (၄) နွားထိုးကြီး PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ထံမှ MA 11 အမျိုးအစား သေနတ်တစ်လက် 5.56 ကျည် (၂၇)တောင့်သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။