Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တွင် အဖွဲ့အစည်းတစ်ခုက တော်လှန် ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်းခံ

ဖမ်းဆီးစစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း ငွေကြေးတောင်းခံသူများက အလျင်အမြန်လှည့်ပြေးသွားခဲ့ပြီး ထိုသူတို့မှာ မည်သူမည်ဝါ ဖြစ် ကြောင်း အမည်နှင့်တကွ မည်သည့်အဖွဲ့မှဖြစ် ကြောင်း မျက်မြင် သက်သေရရှိခဲ့သည်ဟု KNDF က ပြောသည်။

လွိုင်ကော်တွင် အဖွဲ့အစည်းတစ်ခုက တော်လှန် ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်းခံ
လွိုင်ကော်တွင် အဖွဲ့အစည်းတစ်ခုက တော်လှန် ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်းခံ

တော်လှန်ရေးအတွက်ဟုဆိုကာ အမည်ဖော်ပြထားခြင်းမရှိသော အဖွဲ့အစည်းတစ်ခုက လွိုင်ကော်မြို့နေ လုပ်ငန်းရှင်တစ်ဦးအား ကျပ်သိန်းရာနှင့်ချီ ခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ထို့ကြောင့် ငွေပေးပို့ရန် ယနေ့(နိုဝင်ဘာ ၂၃ရက်) ချိန်းဆိုထားသည့်နေရာသို့ KNDF ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဗဟိုစုံစမ်းစစ်​ဆေးရေးလုပ်ငန်းအဖွဲ့မှ အရာရှိများ၊နယ်မြေခံတပ်မှူးများသည် တပ်ဖွဲ့ဖြင့် ကြိုတင်ဖြန့်ကျက်ကာ နေရာယူစောင့်ကြည့်ခဲ့ကြောင်း အသိပေးသည်။

ဖမ်းဆီးစစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း ငွေကြေးတောင်းခံသူများက အလျင်အမြန်လှည့်ပြေးသွားခဲ့ပြီး ထိုသူတို့မှာ မည်သူမည်ဝါ ဖြစ် ကြောင်း အမည်နှင့်တကွ မည်သည့်အဖွဲ့မှဖြစ် ကြောင်း မျက်မြင် သက်သေရရှိခဲ့သည်ဟု KNDF က ပြောသည်။

“အဓိကတော့ တော်လှန်ရေးအကြောင်းပြပြီး ပြည်သူတွေဆီက ငွေမညှစ်ဖို့ပါ။လက်နက်ကိုင် အာဏာရှင်ကို တွန်းလှန်ရင်း ကိုယ်တိုင်အာဏာရှင်ဖြစ်မသွားစေဖို့ တိုက် တွန်းလိုပါတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ထိုကဲ့သို့ ဖမ်းဆီးငွေညှစ်ခြင်းကဲ့ သို့သော တိုင်ကြားမှုနှင့် ငွေကြေးတောင်းခံသူကို လက်ပူးလက်ကြပ်မိခဲ့ခြင်းများကြုံခဲ့ရပြီးအသေ အချာမျက်မြင်သက်သေ ရယူခြင်းများလည်း မကြာခဏ ပြုလုပ်ခဲ့ရကြောင်းလည်း ဖော်ပြသည်။

ဒေသတွင်းအခြေပြုသည့် အင်အားစုများဖြစ် သောကြောင့် အကျယ့်တဝင့်မဆောင်ရွက်ဘဲ ငွေကြေးကို ပိုင်ရှင်ထံပြန်အပ်စေပြီး အခြားနည်းလမ်းများဖြင့် ထိန်းကျောင်းခဲ့ရသည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် လိုအပ် ချက်များစွာရှိသည်ကို ထပ်တူနားလည်ပြီး ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး လုံခြုံမှုကင်းမဲ့သောဘဝကို စစ်ကောင်စီနည်းတူ မဖန်တီးရန်လည်း KNDF က မေတ္တာရပ်ခံသည်။

ပြည်သူကို ပွင့်လင်းညင်သာစွာအကူအညီတောင်းခံပြီး ကြည်ဖြူစွာလှူလာသည့် အကူအညီကိုသာ ရယူရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများကို ကူညီသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြုလုပ်သည့် အလှူခံအစီအစဥ် ကန်ပိန်း၊တရားဝင်တာဝန်ပေးအပ်ခံထားရသည့် ပုဂ္ဂိုလ်များဖြင့်သာ ဆက်သွယ်ထောက်ပံ့ခြင်းသည် နှစ်ဦးနှစ်ဖက်ပိုမိုအကျိုးရှိစေ ကြောင်း KNDF က အသိပေးသည်။

အဓမ္မခြိမ်းခြောက် ငွေညှစ်မှုများကြုံရပါက မ ပေးဆောင်ရန် နှင့် ဆက်သွယ်တိုင်ကြားပြီး KNDF အနေဖြင့် အကာကွယ်ပေးခြင်း၊ဟန့်တားပေးခြင်းနှင့် လိုအပ်ပါက အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ၎င်းတို့တပ်ဖွဲ့ဝင်များဖြစ်ပါက စစ်ဘက်ဆိုင်ရာ အက်ဥပဒေဖြင့် အရေးယူမည်ဟု

KNDFက ကတိပြုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။