Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ခဝါသည်ရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးတင်ရှို့လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ( နိုဝင်ဘာ ၂၁ ) ညနေပိုင်းနဲ့ ညပိုင်းမှာ အင်အား ၃၀၀ ခန့်ပါတဲ့စစ်ကောင်စီတပ်ဟာ ခဝါသည်ကျေးရွာကို ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ထားပါတယ်။

Public Service Announcement
Public Service Announcement

ခဝါသည်ကျေးရွာဟာ အိမ်ခြေ ၁၃၅ လုံးရှိပြီး အိမ်ခြေ ၁၀၀ ခန့် မီးရှို့ခံလိုက်ရတာလို့သိရပါတယ်။

ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ခဝါသည်ရွာ မီးရှို့ခံရတဲ့အတွက် အနီးက စည်းသာ၊ ပုတီး၊ နနွင်းတော၊ ညောင်ကိုင်း၊ သရက်တထောင်၊ မြင်သာကုန်း၊ ပေါယော၊စစ်တော စတဲ့ ကျေးရွာတွေက ဒေသခံ တစ်သောင်း ခန့်မှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်