Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
ကျွန်းလှဒေသက ခဝါသည်ရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ခဝါသည်ရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးတင်ရှို့လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ( နိုဝင်ဘာ ၂၁ ) ညနေပိုင်းနဲ့ ညပိုင်းမှာ အင်အား ၃၀၀ ခန့်ပါတဲ့စစ်ကောင်စီတပ်ဟာ ခဝါသည်ကျေးရွာကို ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ထားပါတယ်။

Public Service Announcement
Public Service Announcement

ခဝါသည်ကျေးရွာဟာ အိမ်ခြေ ၁၃၅ လုံးရှိပြီး အိမ်ခြေ ၁၀၀ ခန့် မီးရှို့ခံလိုက်ရတာလို့သိရပါတယ်။

ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ခဝါသည်ရွာ မီးရှို့ခံရတဲ့အတွက် အနီးက စည်းသာ၊ ပုတီး၊ နနွင်းတော၊ ညောင်ကိုင်း၊ သရက်တထောင်၊ မြင်သာကုန်း၊ ပေါယော၊စစ်တော စတဲ့ ကျေးရွာတွေက ဒေသခံ တစ်သောင်း ခန့်မှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။