Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကြောင်းဆက်ထိုးရန်ပြင်နေသည့် စစ်ကောင်စီတပ်ကို မိုင်းကွင်းနှစ်ကွင်းအတွင်း တိုက်ခိုက်

နိုဝင်ဘာ၂၄ ရက် ညပိုင်းက သာဝတ္ထိရွာ၌ ညအိပ်စခန်းချခဲ့သော စစ်ကောင်စီ အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ခွဲထွက် ကာ ဥယျာဥ်လမ်းကြောင်းနှင့် မြင်းကျလမ်းကြောင်းတို့အား တစ်ကြောင်းစီ ထွက်ခွာလာသည်။

မြင်းဒေါင်းကျေးရွာ စျေးဆိုင်ခန်းများအား မီးရှို့နေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မြင်းဒေါင်းကျေးရွာ စျေးဆိုင်ခန်းများအား မီးရှို့နေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မဟာမိတ်အဖွဲ့များ၏ မိုင်းကွင်းနှစ်ကွင်းအတွင်းသို့ ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှု အများအပြားရှိကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု KURDAF တာဝန်ခံက ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၇နာရီဝန်းကျင်က ခင်ဦးမြို့နယ်၊ ပျူအင်အားကောင်းရာ ရွာသစ်ကုန်းကျေးရွာက စစ်ကြောင်းနှင့် မူးတိမ်ချောင်းရှိ စစ်အုပ်စုတို့ စစ်ကြောင်းထွက်လာချိန် မဟာမိတ်အဖွဲ့များ၏ မိုင်းကွင်း နှစ်ကွင်းထဲသို့ရောက် လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတ​ပ်သား ၂၀ဦးထက်မနည်း သေဆုံးကြောင်း KURDAF တာဝန်ခံက ပြောကြား သည်။

“ရွာသစ်ကုန်းကလည်း ပျူရွာပါ။ မူးတိမ်ချောင်းကလည်း သူတို့ ဝပ်ကျင်းပါ။ မူးတိမ်ချောင်းက အခု မိုင်းကွင်း အရှေ့ဘက်ပါ။စစ်ကြောင်းတွေ အကုန်လုံးက မြင်းဒေါင်းကို ဆုံနေတဲ့ သဘောမှာရှိပါတယ်။”ဟု KURDAF တာဝန်ခံက ပြောကြားသည်။

ယခုစစ်ဆင်ရေးကို KURDAF မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် TIGER LDF Khin U ၊ ဒို့ ညီနောင်(LDF ) နှင့် ဒေါင်းနီ (LDF) မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နိုဝင်ဘာ၂၄ ရက် ညပိုင်းက သာဝတ္ထိရွာ၌ ညအိပ်စခန်းချခဲ့သော စစ်ကောင်စီ အင်အား ၂၀၀ ကျော်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ခွဲထွက် ကာ ဥယျာဥ်လမ်းကြောင်းနှင့် မြင်းကျလမ်းကြောင်းတို့အား တစ်ကြောင်းစီ ထွက်ခွာလာသည်။

ယနေ့မွန်းလွဲပိုင်းတွင် မြင်းဒေါင်းကျေးရွာ၌ ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် စျေးတိုက်ခန်းများအား မီးရှို့နေကြောင်း၊ စစ်ကောင်စီတပ်သည် အဖွဲ့များခွဲကာ မကျီးအုပ်ရွာ၊ မြင်းကျရွာ၊ မြင်းဒေါင်းရွာ၊ အင်တိုင်းကြီးရွာများသို့ ရောက်ရှိနေကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံပြည်သူ များလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးနယ် အနောက်ခြမ်းတွင် ကျေးရွာပေါင်း (၂၀) ကျော်ရှိ ပြည်သူပေါင်း နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။