Connect with us

Hi, what are you looking for?

ဗီဒီယို

ပု​လောမြို့နယ်နားက​ကျေးရွာ​တွေ တိုက်ပွဲ​တွေ​ကြောင့် တိမ်း​ရှောင်​နေရ

လက်ရှိမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေက ပုလောမြို့ကနေ စစ်ကားတွေနဲ့ တပ်အင်အားပိုမိုတိုးချဲ့လာပြီး စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ကေအဲန်ယူတပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲကို တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။

ဒီကနေ့ မနက် ၆ နာရီခွဲအချိန်ခန့်က ပုလောမြို့နယ် ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအနီးက ကျေးရွာတွေထဲကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး ၀င်ရောက်နေရာယူ လှုပ်ရှားလာခဲ့တာပါ။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျေးရွာထဲကို အသိမပေးပဲ နယ်မြေကျော်လွန် ဆက်လက်၀င်ရောက်လှုပ်ရှားလာတာကြောင့် ဒီမနက် ၈ နာရီအချိန်ခန့်က ကေအဲန်ယူ၊ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“တိုက်ပွဲဖြစ်တာတော့ဟုတ်တယ်။ နေရာနဲ့ ဘယ်အဖွဲ့တွေပါတယ်ဆို အတိအကျ မသိသေးဘူး။ ခုလည်း တင်းမာနေတုန်းပဲ။ ဘယ်လောက်ထိဆက်ဖြစ်ဦးမလဲ မသိဘူး။ လက်ရှိအခြေအနေက PDF ကိုလိုက်ရှာတယ်လို့ ပြောတာပဲ။ လိုက်လံရှင်းလင်းတဲ့ သဘောပေါ့။ သူတို့က ရှေ့ဆက်တိုးမယ်ဆို တိုက်ပွဲဖြစ်ဖို့ အလားအလာရှိတာပေါ့။ သူတို့အောက်ခြေဘက်တော့ အချင်းချင်းစည်းခြားထားတာရှိမယ်။ စည်းကျော်လို့ ချကြတာပဲဖြစ်မယ်။ နဂိုကတည်းက အပစ်ရပ်ပြီးတဲ့အချိန်မှာ စည်းက သေချာမရှိဘူးလေ” လို့ ကေအဲန်ယူ တပ်မဟာ ၄ တာ၀န်ရှိသူတစ်ဦက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်ထားတဲ့ ပုလောမြို့နယ်က ဒူးရင်ပင်ရှောင်ကျေးရွာထဲကို ရောက်ရှိနေရာယူ ၀င်ရောက်လာခဲ့တာပါ။

“တိုက်ပွဲဖြစ်တဲ့နေရာက ပုလောမြို့နဲ့ သိပ်မဝေးဘူး။ မနက် ၈ နာရီကတည်းက စစ်တပ်နဲ့ PDF တွေ ပစ်ကြတာလို့ကြားတယ်။ အခုတော့ ငြိမ်နေတယ်။ စစ်တပ်က ဒူးရင်ပင်ရှောင်ရွာထဲကို ရောက်လာပြီလို့ကြားတယ်။ ကျနော်တို့က အခုရှောင်နေရတာပေါ့” လို့ စစ်ဘေးရှောင်နေရတဲ့ ရွာသားတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေက ပုလောမြို့ကနေ စစ်ကားတွေနဲ့ တပ်အင်အားပိုမိုတိုးချဲ့လာပြီး စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာဖွယ်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။