Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ

လတ်တလောမှာတော့ သင်္ဘော တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ထိုင်းရေတပ် စစ်သင်္ဘော သုံးစီးနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ
ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ

စစ်သင်္ဘော တစ်စီး တခြမ်းစောင်း တိမ်းမှောက်သွားပြီး ရေယာဉ် အမှုထမ်း ၃၁ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ပါတယ်။

HTMAS Sukhotai အပေါ့စား စစ်သင်္ဘောဟာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီး ထိန်းချုပ်ခန်းထဲ ရေဝင်ရာက တခြမ်းစောင်း တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။ အဲဒီ စစ်သင်္ဘောပေါ်မှာ ရေတပ် အမှုထမ်း ၁၀၀ ကျော် လိုက်ပါသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ထိ အခြေအနေအရ ၇၅ ဦးကို ကယ်ဆယ်ထားနိုင်ပြီ ဖြစ်ပေမယ့် ၃၁ ဦးကတော့ လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေဆဲလို့ ထိုင်းရေတပ်က ကြေညာပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေတာ ၁၂ နာရီ ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်မှာလည်း ရှာဖွေရေးတွေ ဆက်လက် ဆောင်ရွက်နေမှာဖြစ်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

ရေတပ်ဟာ စစ်သင်္ဘော တိမ်းမှောက်ရတဲ့ ကြောင်းရင်းကိုလည်း စတင် စုံစမ်းနေပြီလို့ ဆိုပါတယ်။ ထိုင်းရေတပ်ရဲ့ သမိုင်းမှာ စစ်ရေယာဉ်တစ်စီး တာဝန်ထမ်းဆောင်နေရင်း ရုတ်တရက် တိမ်းမှောက်သွားတယ် ဆိုတာမျိုးက လုံးဝနီးပါး မကြုံဖူးတဲ့ အခြေအနေ ဖြစ်တယ်လို့ ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ သေနာပတိ ပေါ့ခရွန် မွန်သက်ဒ်ပါလင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

HTMAS Sukhotaiဟာ ဘန်ဆာဖန် အနောက်ဖက် ၃၂ ကီလိုမီတာလောက် အကွာက ပရာချူရပ် ခီရီခန် ကမ်းလွန် ရေပြင်မှာ ကင်းလှည့်နေရင်း မုန်တိုင်းနဲ့ တိုးခဲ့တာလို့ ဆိုပါတယ်။ ထိုင်းရေတပ်က တိမ်းမှောက်နေတဲ့ စစ်သင်္ဘောရဲ့ ရေတပ်သားတွေကို ကယ်ဆယ်နေတဲ့ ဓာတ်ပုံ တချို့ကို Twitterမှာ တင်ထားတာလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ သင်္ဘော တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ထိုင်းရေတပ် စစ်သင်္ဘော သုံးစီးနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။