Connect with us

Hi, what are you looking for?

သတင်း

မြန်မာဘီယာကုမ္ပဏီမှ ဂျပန်ကီရင်ပိုင်ရှယ်ယာများကို စစ်အုပ်စုက ကျပ် ၃၂၄ ဘီလီယံဖြင့်ပြန်ဝယ်မည်ဟုဆို

ရှယ်ယာများဝယ်ယူပြီးပါက ဘရူဝါရီကုမ္ပဏီများတွင် ဂျပန်ကုမ္ပဏီကီရင်၏ ပိုင်ဆိုင်မှု အကျိုးခံစားခွင့်များကို ရပ်စဲသွားမည်ဟုဆိုသည်။

(စစ်အုပ်စုပိုင် မြန်မာဘီယာများကိုPDFများကဖျက်ဆီး​ နေစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်အုပ်စုပိုင် မြန်မာဘီယာများကိုPDFများကဖျက်ဆီး​ နေစဥ်။ ။ဓါတ်ပုံ-CJ)

ဂျပန်အဖျော်ယမကာလုပ်ငန်းကီရင်ကုမ္ပဏီဟိုးဒင်းပိုင်ဆိုင်သည့် မြန်မာဘရူဝါရီလီမိတက်ကုမ္ပဏီမှ ရှယ်ယာများကို ကျပ် ၃၂၄ ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း စစ်အုပ်စုပိုင် အဆိုပါ ကုမ္ပဏီကထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များမသုံးစွဲရေးလူထုသပိတ်များကြောင့် ရပ်တည်ရန် ခက်ခဲလာသည့်မြန်မာဘီယာကုမ္ပဏီ တွင်ဂျပန်ကုမ္ပဏီပိုင် အစုရှယ်ယာများကို စစ်အုပ်စုပိုင် မြန်မာဘရူဝါရီ ကုမ္ပဏီကပြန်လည်ဝယ်ယူရန် စီစဥ် ​နေခြင်းဖြစ်သည်။

ဘရူဝါရီကုမ္ပဏီကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် စစ်တပ်လက်အောက်ခံ ဦးပိုင်က ရှယ်ယာ ၄၉ ရာခိုင်နှုန်း နှင့် ဂျပန်ကီရင်ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့ပြီး မြန်မာဘီယာ၊ အက်ဒမန်ဂိုး၊ Kirin ဘီယာစသည့်တိုကိုထုတ်လုပ်ရောင်းချနေသည်။

ယခုအခါ အဆိုပါဘရူဝါရီကုမ္ပဏီမှ ကီရင်ကုမ္ပဏီ ပိုင်ရှယ်ယာအစု ၇၂၀၀၀ကျော်ကို ကျပ် ၃၂၄ ဘီလီယံ ဖြင့်ဝယ်ယူသွားရန် ဒီဇင်ဘာ ၂၃ ရက်က သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဘရူဝါရီကုမ္ပဏီက စစ်​ကောင်စီ၏ဝါဒဖြန့်သတင်းစာများတွင်​ကြေညာခဲ့သည်။ဂျပန်ကီရင်ကုမ္ပဏီ၏ သဘောတူညီမှုအပေါ်မူတည်ပြီး အစုရှယ်ယာဝယ်ယူခြင်းကို ၂၈ ရက် မြောက်တွင် ဆောင်ရွက်သွားမည်ဟုလည်း​ဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာဘရူဝါရီကုမ္ပဏီနှင့်အတူ မန္တလေးဘရူဝါရီကုမ္ပဏီကိုလည်း ကျပ် ၆၄ သန်းဖြင့် ဝယ်ယူသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ရှယ်ယာများဝယ်ယူပြီးပါက ဘရူဝါရီကုမ္ပဏီများတွင် ဂျပန်ကုမ္ပဏီကီရင်၏ ပိုင်ဆိုင်မှု အကျိုးခံစားခွင့်များကို ရပ်စဲသွားမည်ဟုဆိုသည်။

ဂျပန်ကီရင်ကုမ္ပဏီက မြန်မာနိုင်ငံရှိ ဘီယာလုပ်ငန်းများကို ဒေါ်လာ ၁၆၄ သန်းဖြင့်ရောင်းချမည်ဟု၂၀၂၂ ဇွန်လ ၃၀ ရက်က ထုတ်ပြန်ထားသည်။

မြန်မာဘီယာထုတ်လုပ်နေသည့် ဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၅၆၀ဖြင့် ဂျပန်ကီရင်ကုမ္ပဏီက ၂၀၁၅ခုနှစ်တွင် စစ်အုပ်စုထံမှဝယ်ယူခဲ့ခြင်းဖြစ်သည်။စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို မြန်မာဘီယာက ထိန်းချုပ်ထားခြင်းဖြစ်သည်။ သို့​သော် စစ်တပ်အာဏာသိမ်းမှု​ကြောင့် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ် ဘီယာအားလုံး ပြည်သူများကသပိတ်​မှောက်ခြင်း ၊​တော်လှန်​ရေူအင်အားစုများက​ရောင်းချခွင့်မပြု ခြင်း​ကြောင့် ​ရောင်းအားထိုးကျသွား​ကြောင်း​ဈေးကွက်အတွင်းမှသိရသည်။

ဘရူဝါရီကုမ္ပဏီ၏ အစုရှယ်ရှယ်များ ကီရင်ထံမှ ပြန်ဝယ်ယူပြီးပါက ကုမ္ပဏီမှာယခင်ကကဲ့သို့ စစ်အုပ်စုရာနှုန်းပြည့်ပိုင် ဖြစ်သွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။