Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

(စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သားတစ်ဦးဒဏ်ရာရ၊ လေကြောင်းမှ ကင်းထောက်နေဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်အင်အားများ ထပ်တိုးထားကြောင်း ဒေသခံက ပြောသည်။

“စကစတွေ အင်အားတိုးလာတယ်လို့လည်း ကြားတယ်။ မောင်းမရွာသစ်ရဲ့အပေါ် မိကသိန် ကျောင်းမှာအဲဒီမှာ တိုးလာတယ်လို့ပြောတယ်။ အခု တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ အခု ၁၁နာရီ ၁၅ မိနစ်လောက်မှာ လေယာဉ်လာပြီးတော့ ဝဲနေပါတယ်”ဟု ကော့ကရိတ်ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“ဒီမနက် ၆နာရီနဲ့ ၇နာရီကြားမှာတော့ ရွာသစ် ဒေသခံတစ်ဦး စကစပစ်လို့ လက်မှာထိသွားတာပေါ့။သူက ငါးရှာဖားရှာရင်းနဲ့ အင်းမှာထွက်လာတော့ စကစက သူ့ကို လှမ်းပစ်တာ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်နေ့များကလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သံဃာတော် အချို့အပါအဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။