Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ရွှေဘိုနယ်ရှိ ကံကြီးတောရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးရှို့

ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။

ရွှေဘိုနယ်၊ကံကြီးတောရွာရှိ မီးလောင်ပျက်ဆီးခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရွှေဘိုနယ်၊ကံကြီးတောရွာရှိ မီးလောင်ပျက်ဆီးခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကံကြီးတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) မွန်းလွဲ ၂နာရီခန့်က ကံကြီးတောကျေးရွာသို့ အင်အားအများအပြားဖြင့် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကံကြီးတောရွာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကရွာ ကံကြီးတောရွာကို ရွာဦးကျောင်းကစပြီး မအလတပ်တွေက မီးရှို့တယ်။ အိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးသွားကြတယ်။ ဟန်လင်းမှာ တပ်အထိုင်ချပြီး အနီးနားပတ်ဝန်းကျင်ပတ်လည်လှည့် သောင်းကျန်းနေကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကံကြီးတောကျေးရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို BLACK WOLF – Army နှင့် Who Am I အဖွဲ့တို့ကလည်း ယမန်နေ့မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့သေးသည်။

ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook