Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ရွှေဘိုနယ်ရှိ ကံကြီးတောရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးရှို့

ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။

ရွှေဘိုနယ်၊ကံကြီးတောရွာရှိ မီးလောင်ပျက်ဆီးခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ရွှေဘိုနယ်၊ကံကြီးတောရွာရှိ မီးလောင်ပျက်ဆီးခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကံကြီးတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇန်နဝါရီ ၁၂ ရက်) မွန်းလွဲ ၂နာရီခန့်က ကံကြီးတောကျေးရွာသို့ အင်အားအများအပြားဖြင့် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကံကြီးတောရွာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကရွာ ကံကြီးတောရွာကို ရွာဦးကျောင်းကစပြီး မအလတပ်တွေက မီးရှို့တယ်။ အိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးသွားကြတယ်။ ဟန်လင်းမှာ တပ်အထိုင်ချပြီး အနီးနားပတ်ဝန်းကျင်ပတ်လည်လှည့် သောင်းကျန်းနေကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကံကြီးတောကျေးရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို BLACK WOLF – Army နှင့် Who Am I အဖွဲ့တို့ကလည်း ယမန်နေ့မွန်းလွဲပိုင်းက တိုက်ခိုက်ခဲ့သေးသည်။

ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်က လပေါင်းအတန်ကြာတပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။