Connect with us

Hi, what are you looking for?

ဗီဒီယို

စမ်းချောင်းဂွစျေးနားကလွဲကို ရန်ကုန်မြို့ထဲ အသွားအလာပုံမှန်ရှိနေ

“စမ်းချောင်း ဂွစျေးတစ်ဝိုက် ဗဟိုလမ်းမကြီးနဲ့ လမ်းသွယ်တွေက လွဲလို့ ကျန်တဲ့နေရာတွေ ပုံမှန်သွားရပါတယ်။ မြောက်ဥက္ကလာ၊ လှည်းတန်း၊ သမိုင်း၊ မရမ်းကုန်း အကုန်သွားခဲ့တာ ပုံမှန်ပါပဲ ” လို့ အဲအငှားယာဥ်မောင်းက ပြောပါတယ်။

နိုင်ငံတစ်ဝန်းပြည်သူ့ခုခံတွန်းလှန်စစ်စတင်ပြီလို့ စက်တင်ဘာ ၇ ရက်က NUG အစိုးရက ကြေညာပြီးချိန်မှာပဲ လက်နက်ကိုင်တော်လှန်မှုအရှိန်မြှင့်လာပါတယ်။

ရန်ကုန်မှာတော့ အစစ်အဆေးတွရှိနေတဲ့ကြားကပဲ ပုံမှန်သွားလာနေကြတာတွေ့ရတယ်လို့ ရန်ကုန်မြို့ မြို့နယ်အတော်များများကို ရောက်ခဲ့တဲ့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

“စမ်းချောင်း ဂွစျေးတစ်ဝိုက် ဗဟိုလမ်းမကြီးနဲ့ လမ်းသွယ်တွေက လွဲလို့ ကျန်တဲ့နေရာတွေ ပုံမှန်သွားရပါတယ်။ မြောက်ဥက္ကလာ၊ လှည်းတန်း၊ သမိုင်း၊ မရမ်းကုန်း အကုန်သွားခဲ့တာ ပုံမှန်ပါပဲ ” လို့ အဲအငှားယာဥ်မောင်းက ပြောပါတယ်။

ဆူးလေပတ်ဝန်းကျင်နဲ့ ရန်ကုန်မြို့ထဲ လိုင်းကားနဲ့သွားခဲ့သူတစ်ဦးကတော့ အခုလို ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လိုင်းကား၊ စျေးသည် ပုံမှန်ပဲ။ လူတွေလည်း သွားလာနေကြတာပါပဲ။ ပုံမှန်နီးပါးပါပဲ။ တစ်ချို့နေရာတွေကားတွေတောင်ပိတ်နေတာ။ စစ်ကားတွေပတ်နေတာတော့ရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကားပေါ်ကို ဗုံးပစ်သွင်းပြီး ပစ်ခတ်ခဲ့တဲ့အတွက် ဗိုလ်မှုးအဆင့်နဲ့ စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် စမ်းချောင်းမြို့နယ် ပတ်ဝန်းကျင်မှာ အစစ်အဆေးတွေအရမ်းများနေပြီး လမ်းတွေပိတ်တာ ဆိုင်တွေပိတ်ခိုင်းတာတွေအထိ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်တစ်ရက်လုံး ဆောင်ရွက်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။