Connect with us

Hi, what are you looking for?

ဗီဒီယို

စမ်းချောင်းဂွစျေးနားကလွဲကို ရန်ကုန်မြို့ထဲ အသွားအလာပုံမှန်ရှိနေ

“စမ်းချောင်း ဂွစျေးတစ်ဝိုက် ဗဟိုလမ်းမကြီးနဲ့ လမ်းသွယ်တွေက လွဲလို့ ကျန်တဲ့နေရာတွေ ပုံမှန်သွားရပါတယ်။ မြောက်ဥက္ကလာ၊ လှည်းတန်း၊ သမိုင်း၊ မရမ်းကုန်း အကုန်သွားခဲ့တာ ပုံမှန်ပါပဲ ” လို့ အဲအငှားယာဥ်မောင်းက ပြောပါတယ်။

နိုင်ငံတစ်ဝန်းပြည်သူ့ခုခံတွန်းလှန်စစ်စတင်ပြီလို့ စက်တင်ဘာ ၇ ရက်က NUG အစိုးရက ကြေညာပြီးချိန်မှာပဲ လက်နက်ကိုင်တော်လှန်မှုအရှိန်မြှင့်လာပါတယ်။

ရန်ကုန်မှာတော့ အစစ်အဆေးတွရှိနေတဲ့ကြားကပဲ ပုံမှန်သွားလာနေကြတာတွေ့ရတယ်လို့ ရန်ကုန်မြို့ မြို့နယ်အတော်များများကို ရောက်ခဲ့တဲ့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

“စမ်းချောင်း ဂွစျေးတစ်ဝိုက် ဗဟိုလမ်းမကြီးနဲ့ လမ်းသွယ်တွေက လွဲလို့ ကျန်တဲ့နေရာတွေ ပုံမှန်သွားရပါတယ်။ မြောက်ဥက္ကလာ၊ လှည်းတန်း၊ သမိုင်း၊ မရမ်းကုန်း အကုန်သွားခဲ့တာ ပုံမှန်ပါပဲ ” လို့ အဲအငှားယာဥ်မောင်းက ပြောပါတယ်။

ဆူးလေပတ်ဝန်းကျင်နဲ့ ရန်ကုန်မြို့ထဲ လိုင်းကားနဲ့သွားခဲ့သူတစ်ဦးကတော့ အခုလို ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လိုင်းကား၊ စျေးသည် ပုံမှန်ပဲ။ လူတွေလည်း သွားလာနေကြတာပါပဲ။ ပုံမှန်နီးပါးပါပဲ။ တစ်ချို့နေရာတွေကားတွေတောင်ပိတ်နေတာ။ စစ်ကားတွေပတ်နေတာတော့ရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကားပေါ်ကို ဗုံးပစ်သွင်းပြီး ပစ်ခတ်ခဲ့တဲ့အတွက် ဗိုလ်မှုးအဆင့်နဲ့ စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် စမ်းချောင်းမြို့နယ် ပတ်ဝန်းကျင်မှာ အစစ်အဆေးတွေအရမ်းများနေပြီး လမ်းတွေပိတ်တာ ဆိုင်တွေပိတ်ခိုင်းတာတွေအထိ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်တစ်ရက်လုံး ဆောင်ရွက်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

သတင်း

ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှပ်နှံရန်စီစဥ်ခဲ့​သောရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာ(Peninsula ) ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါဟိုတယ်လုပ်ငန်းစုက ကြေညာလိုက်ကြောင်း ဂျပန်သတင်းစာ NIKKEI Asia သတင်းဌာနက ဖော်ပြထားသည်။