Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် PDF စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ထုံးဘိုရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်နှင့် ကျဆုံးခဲ့သော ရဲဘော်အား တွေ့ရစဉ်၊ ဓာတ်ပုံ-နဂါးနီပြောက်ကျားတပ်ဖွဲ့
ထုံးဘိုရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်နှင့် ကျဆုံးခဲ့သော ရဲဘော်အား တွေ့ရစဉ်၊ ဓာတ်ပုံ-နဂါးနီပြောက်ကျားတပ်ဖွဲ့

▪️အနီးရှိ ကျေးရွာက နေအိမ်၂ဝခန့် မီးရှို့ခံရပြီး အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်း စီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၇ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော်ရဲဇင်ထွန်း ကျဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်အ​ခြေစိုက် နဂါးနီပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်အား မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေးအင်အားစုနှင့် စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်း၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့က ဆိုသည်။

သို့သော် စစ်ကောင်စီတပ်က ထုံးဘိုရွာရှိ နေအိမ်အလုံး (၂၀)ခန့်နှင့် အသက် (၄၀)နှစ် အရွယ်အမျိူးသားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“နှစ်ဦးကျတယ်လို့တော့ကြားတယ်။ ပြည်သူတွေကတော့ နီးစပ်ရာရွာတွေ ကိုင်းတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု စစ်ကိုင်းမြို့နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နဂါးနီပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook