Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ကို တိုက်ခိုက်

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅)ကသတင်းထုတ်ပြန်သည်။

(ကနီနယ် ချင်းတွင်းမြစ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီးအား ၂၀၂၂ ဇူလိုင်အတွင်းက တွေ့ရစဥ် ။ဓာတ်ပုံ-ချင်းတွင်းချစ်သူ)
(ကနီနယ် ချင်းတွင်းမြစ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီးအား ၂၀၂၂ ဇူလိုင်အတွင်းက တွေ့ရစဥ် ။ဓာတ်ပုံ-ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်အုပ်စု ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅)ကသတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်အတွင်း သောင်တင်နေသော စစ်ကောင်စီရေယာဥ်များဆီသို့ စစ်ကူရန် မုံရွာမြို့မှ ထွက်ခွာလာသော ရေယာဥ်အုပ်စုသည် ယနေ့(ဇန်နဝါရီ ၁၈ရက်)တွင် ကနီနယ်သို့ရောက်ရှိလာစဥ် ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်များက တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

“မနက် ၁၀နာရီကျော်လောက်ကနေ ချကြတာ။ နေ့ခင်း ၁နာရီခန့်ကျမှ ရပ်ကြတယ်။ စ…(စစ်ကောင်စီတပ်သား)တွေ သေတယ်ကြားလို့ ဝမ်းသာနေတာ”ဟု ကနီဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်မသိရကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံး ထိခိုက်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင် ( ၃၅) People’s Defence Army – Yinmarbinက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် ချင်းတွင်မြစ်ကြောင်းအတွင်း ဇန်နဝါရီလဆန်းကာလက တိုက်ပွဲတွင် စစ်ကောင်စီရေယာဥ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်နှစ်မြုပ်နိုင်ခဲ့သည်။ အဆိုပါ စစ်ကောင်စီရေယာဥ်ပေါ်မှ သိမ်းယူနိုင်ခဲ့သော ဆန်နှင့် ရိက္ခာများကို စစ်ဘေးရှောင်ပြည်သူများထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပေးအပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။