စစ်အာဏာသိမ်းမှု (၂)နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်တွင် ‘ဘုရင်ရူးသို့’အမည်ရှိ တေးသီချင်း MTV အခွေကို ထုတ်လွှင့်သွားမည်ဟု စီစဥ်နေသူ အဆိုတော် ဇော်ရဲနွေက ပြောသည်။
Revolution Echo Wave အမည်ရှိ တေးဂီတအဖွဲ့က ‘ဘုရင်ရူးသို့’ သီချင်းအပါအဝင် တော်လှန်ရေးသီချင်း ၆ ပုဒ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူလူထုထံ ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာနှင့် သတင်းမီဒီယာ စာမျက်နှာများမှတဆင့် ထုတ်လွှင့်ရန် စီစဥ်နေခြင်းဖြစ်သည်။




“ရည်ရွယ်ချက်ကတော့ တော်လှန်ရေးအရှိန်အဟုန်ပျက်မသွားဖို့၊ လူတွေ စိတ်ဓာတ်မကျဖို့ပေါ့။ ပြည်သူတွေအနေနဲ့လည်း သီချင်းတွေနားထောင်ပြီး တော်လှန်ရေးကို ထည့်ဝင်မှုပြုလုပ်နိုင်ပါတယ်” ဟု အဆိုတော် ဇော်ရဲနွေက ပြောသည်။
အဆိုပါတေးသီချင်း ၆ ပုဒ်တွင် Rock ၊ Pop-Rock၊ Slow-Rock၊ Country Rock နှင့် Hip-Hop အမျိုးအစားများပါဝင်ပြီး အဆိုတော် နိုင်ကြီး၊ မိုးခါး၊ တိုးကြီး၊ စနို၊ DNS၊ ဇော်ရဲ တို့က သီဆိုထားကြောင်း သိရသည်။

Public Service Announcement
ဝါရင့်အနုပညာရှင်နှစ်ဦး ဦးဆောင်သည့် Revolution Echo Wave အဖွဲ့တွင် အသက် ၁၆ နှစ်နှင့် ၂၂ နှစ်အရွယ် CDM ကျောင်းသားများလည်းပါဝင်ပြီး လာမည့်ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်တွင်လည်း တော်လှန်ရေးရန်ပုံငွေရရှိရေးအတွက် လူမှုကွန်ရက်မှတဆင့် Live Show ပြုလုပ်သွားမည်ဟု သိရသည်။

















































