Connect with us

Hi, what are you looking for?

သတင်း

အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။

အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ
အသံတိတ်သပိတ်မစခင် နာရီပိုင်းအလိုမှာ ရန်ကုန်မြို့က လမ်းပိုင်းအချို့ စတင်တိတ်ဆိတ်လာ

စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ဆင်နွှဲတဲ့ ဒီနေ့မှာ သပိတ်မစတင်မီ နာရီပိုင်းအလိုကပင် ရန်ကုန်မြို့က လမ်းပိုင်းအချို့မှာ စတင်တိတ်ဆိတ်သွားတာတွေ့ရပါတယ်။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ၅ နာရီကြာ ဆင်နွှဲမှာဖြစ်ပြီး လူထုတစ်ရပ်လုံး အိမ်ပြင်မထွက်ဘဲ ဘေးကင်းစွာ ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေ ၊သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

သပိတ်စတင်မယ့်အချိန် ၁၀ နာရီမတိုင်ခင်ကပင် ရန်ကုန်မြို့မှာ အရေးပါတဲ့ ပြည်လမ်း ၊ ကမ္ဘာအေး ဘုရားလမ်းနဲ့ ပါရမီလမ်းမကြီးတွေမှာ ကားအသွားအလာနည်းပါးသွားတာတွေ့ရပါတယ်။

ဆင်ခြေဖုန်းမြို့နယ်တွေက ဈေးအချို့ဟာလည်း ဒီနေ့မှာခြောက်ကပ်နေတယ်လို့ ဒေသခံတွေဆီက စုံစိမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်ကို တန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်ကလည်းလူစုပြီး လမ်းပေါ်ထွက်ကာ စစ်တပ်ထောက်ခံပွဲတွေ လုပ်ဖို့ရှိနေပါတယ်။

” ဟိုအုပ်စုလူတွေ ပဲ ကားပေါ် ဆောင်းဘောက်တင်ပြီး အချုပ်အခြာဘာညာ ဖွင့်ပြီးသွားတာတွေ့လိုက်တယ်” လို့ ရန်ကုန် ဆင်ခြေဖုန်းမြို့နယ်တစ်ခုမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။