Connect with us

Hi, what are you looking for?

သတင်း

တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား အာဏာရှင်ကို အတူတိုက်ပွဲဝင်မည်ဟုထောင်တွင်းမှနိုင်ကျဥ်းများ သတင်းစကားပါး

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

(အင်းစိန်​​​ထောင်ကို အ​ပေါ်စီးမှ​တွေ့ရစဥ်)
(အင်းစိန်​​​ထောင်ကို အ​ပေါ်စီးမှ​တွေ့ရစဥ်)

▪︎အကြောက်တရားနှင့်ခြောက်လည်း မကြောက်တရားဖြင့် တွန်းလှန်မည်

တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား စစ်အာဏာရှင်ကို အတူတိုက်ပွဲဝင်သွားမည်ဟု အင်းစိန်ထောင်အပါအဝင် အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက ပြည်သူလူထုထံ သတင်းစကားပါးသည်။

စစ်အာဏာရှင်ကိုတော်လှန်ရင်း အကြောင်းအမျိုးမျိုးဖြင့် မတရားဖမ်းဆီးအကျဥ်းချခံထားရသော အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက ယခုတော် လှန်ရေးကာလ နှစ်နှစ်ပြည့်တွင် ၎င်းတို့၏ ရဲဘော်ရဲဘက်များကတဆင့် ​အထက်ပါအတိုင်း ပြည်သူလူထုထံ သ တင်းစကားပါးလိုက်ခြင်း ဖြစ်သည်။

“ပေးဆပ်ထားတဲ့ ဘဝတွေ အသက်တွေအတွက် သင် ပုန်းချေတယ်ဆိုတာ မရှိဘူး။ ဘယ်အခြေမျိုးမှာမဆို ဘယ်နေရာပဲရောက်ရောက် အာဏာရှင်ကို အဆုံးထိ တိုက်ပွဲဝင်ပါမယ်လို့ ခံယူထားတယ်။ အကြောက်တရားနဲ့ခြောက်လည်း မကြောက်တရားနဲ့ တွန်းလှန်မယ်။ ဒီပွဲဟာ ပြည်သူ့အောင်ပွဲ တို့အောင်ပွဲ”ဟု နိုင်ကျဥ်းတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယခုအချိန် ပြည်သူလူထုနှင့် တော်လှန်ရေး ညီအစ်ကိုများ အသက်စွန့်ပြီး စစ်အာဏာရှင်ကို တိုက်သည့်ပွဲတွင် ပါဝင်ခွင့်မရတော့ဘဲ ထောင်ထဲမှာနေပြီး တတ်နိုင်သည့်ဘက်က စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်နေမည်ဖြစ်သလို အပြင်က ညီအစ်ကိုများ ဘေးကင်းစေဖို့ ဘုရား သခင်ထံ နေ့တိုင်းဆုတောင်းပေးနေကြောင်း အခြားနိုင်ကျဥ်းတစ်ဦးက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

“ညီအစ်ကို တယောက်ချင်းစီတိုင်းနဲ့ ဘုရားသခင်အတူပါရှိလမ်းပြပြီး တရားသော စစ်တိုက်ခိုက်…ဘုရားသခင်ပေါင်းစည်းပေးပါစေ။ တိုက်ပွဲတိုင်း အောင်မြင်ပါစေ”ဟု ၎င်းက ဆန္ဒပြုသည်။

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

အလားတူ အကျဥ်းထောင်ထဲရောက်နေသည့် အခြားနိုင်ကျဥ်းတစ်ဦးကလည်း တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသောညီအစ်ကိုမောင်နှများနှင့် အကျဥ်းထောင်ပြင်ပမှာရှိနေပြီး နိုင်ရာဝန်ထမ်းကာ တိုက်ပွဲဝင်နေသူများ၊ ၎င်းကဲ့သို့ လွတ်လပ်ခွင့်ဆုံးရှုံးနေရသော ညီအစ်ကို မောင်နှမများအားလုံးကို တစ်သက်မေ့မည်မဟုတ်ဘဲ ထာဝရ လေးစားနေမည်ဟု ဆိုသည်။

“ကိုကိုယ်တိုင် အကျဥ်းကျခဲ့ပေမယ့် အပြင်မှာရှိတဲ့ အင် အားစုတွေ၊ ညီတွေ၊ အစ်ကိုတွေ တော်လှန်ရေးကို အဆုံး သတ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျနော်တို့ နေတဲ့ အကျဥ်းထောင်ပေါ်ကနေ လေယာဥ်တွေ ဖြတ်သန်းတိုင်း ရဲဘော်ရဲဘက်တွေ အားလုံးဘေးကင်းပါစေလို့ ဆု တောင်းခဲ့ပါတယ်။ အကျဥ်းထောင်ထဲမှာလည်း စည်းလုံးစွာနဲ့ အင်အားစုတစ်ရပ်အနေနဲ့ ရှိနေဆဲပါ”ဟု နောက်ထပ် နိုင်ကျဥ်းတစ်ဦးက ပြောသည်။

အထက်ပါကဲ့သို့ အကျဥ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ရဲဘော်ရဲဘက်များနှင့် ပြည် သူလူထုထံ သတင်းစကားပါးရာတွင် တော်လှန်ရေးကာ လ နှစ်နှစ်အတွင်း စွန့်လွှတ်ပေးဆပ်ရမှုများရှိခဲ့ကြသော် လည်း ယခုအချိန်ထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြသော ရဲ ဘော်များအား လေးစားသကဲ့သို့ အဘက်ဘက်မှ ပါဝင်အားဖြည့်နေကြသည့် ပြည်သူလူထုအားလည်း ဦးညွတ်ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။