Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို
ငါန်းဇွန်နယ်တွင် စစ်ကောင်စီယာဥ်မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

မန္တလေးတိုင်း မြို့သာမှ ငါန်းဇွန်မြို့နယ်သို့လာသည့် စစ်ကောင်စီတပ်ယာဥ်အား ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးကြောင်း Myitnge – PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က မြို့သာမှ ငါးဇွန်မြို့သို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၀င်များ လိုက်ပါလာသည့် ယာဥ်တစ်စီးကို တောင်လယ်တောနှင့်ရွာသာလမ်းကြားတွင် ပဒေသာမိုင်း (၇)လုံးဆွဲကာတိုက်ခိုက်ခဲ့ကြောင်း Myitnge – PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သို့သော် မိုင်း (၅)လုံးသာကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အသက်မွေးမြူရေးသင်တန်းကျောင်း-၂မှ ဗိုလ်ကြီး ၀ကြီးဆိုသူ သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း Myitnge – PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကားပေါ်မှာဆယ်ယောက်လောက်တော့ပါတယ်။ ဗိုလ်ကြီး၀ကြီးက စစ်တပ်ကုန်းရွာမှာနေတယ်လို့ သိရပါတယ်။ မြစ်သားဆေးရုံမှာ သေတယ်။”ဟု Myitnge – PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်ဝကြီးဆိုသူသည် မိတ္ထီလာမြို့တွင် သင်္ဂြိုလ်လိုက်ရပြီး မိုင်းထိခဲ့သည့်တပ်သား ငါးဦးလည်း အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အဲဒီဖြစ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ကြားတဲ့သတင်းတွေကရှိတယ်။ အတည်ပြုမရနေလို့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တော်လှန်ရေးအရှိန်မြှင့်နေ၍ မိုင်းထုတ်လုပ်ရေးကုန်ကျစရိတ်များနေသောကြောင့် ဝိုင်းဝန်းကူညီကြရန် ဇာမဏီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးခရိုင်၊အမှတ် (၅)တပ်ရင်း Myitnge – PDFနှင့်အတူဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် AH NYAR MYAY SPECIAL DEFENSE FORCE တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook