Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ပေါင်၅၀၀ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDFက ယနေ့ ထုတ်ပြန် သည်။

ယမန်နေ့ ည ၁၁နာရီခန့်က ဖယ်ခုံမြို့နယ် ရီလုံရီကန်​ကျေးရွာအုပ်စု ဝါရီခူကျေးရွာရှိ မယ်တော်ဂူကုန်းအား စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြစ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အဆောင်တစ်ခုနှင့် မယ်တော်ဂူရင်ပြင် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

“စစ်ဖက်နဲ့သက်ဆိုင်တာလည်း မဟုတ်ဘူး။ကျေးရွာနဲ့က တော်တော်နီးတယ်။ကံကောင်းလို့ ဒေသခံတွေ ဘာမှထိခိုက်မှု မဖြစ်တာ”ဟု ဖယ်ခုံ PDF နှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်း လေကြောင်း တိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နှစ်ကြိမ်ရှိခဲ့သည်။

ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဖယ်ခုံ PDF
ယမန်နေ့က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ဖယ်ခုံ PDF

ဇန်နဝါရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံးပျက်စီးခဲ့သည့်အပြင်၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှင့် စေတီတစ်ဆူ ပျက်စီးခဲ့ရပြီး အရပ်သားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ ငါးဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook