Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းလွှတ်တော်ရုံးနှင့် မြို့နယ်တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြနန္ဒာစစ်ဆင်ရေး(မန္တလေး)က အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်း မြနန္ဒာစစ်ဆင်ရေး​၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် နံနက် ၁၀ နာရီ ၁၀မိနစ်တွင် အပြစ်မဲ့ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို မတရားစီရင်ချက်ချနေသည့် ချမ်းအေးသာစံမြို့နယ် တရားရုံးကို အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ၂၀) ကလည်း ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုလည်း လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ‌‌ထောက်ပံ့ကူညီပေးရန် ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားသည်။

ထောက်ပံ့လိုသူများအနေဖြင့် မြနန္ဒာစစ်ဆင်ရေး ၏ ဖေ့စ်ဘွတ်ခ် ၊ တယ်လီဂရန်တို့မှ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။