Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ပွားနေ

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဘုရားသုံးဆူမြို့ပေါ်ရှိ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ပွားနေ
ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယနေ့နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယနေ့ ဖေဖေါ်ဝါရီလ(၂၅)ရက် နံနက်(၆)နာရီခွဲအချိန်တွင် ဘုရားသုံးဆူမြို့ စစ်ကောင်စီရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မီးခိုးလုံးများလည်း ထွက်ပေါ်နေကြောင်း ထိုင်းနယ်စပ်သတင်းရင်းမြစ်ဖြစ်သည့် ကန်ချနာဘူရီသတင်းစဥ်၏ ဖော်ပြချက်အရ သိရသည်။

ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ပွားနေ
ဘုရားသုံးဆူမြို့တွင် တိုက်ပွဲဖြစ်ပွားနေ

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဘုရားသုံးဆူမြို့ပေါ်ရှိ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမှုကို မသိရှိရသေးဘဲ တိုက်ပွဲအခြေအနေကြောင့် ထိုင်းနိုင်ငံ စံခရဘူရီဘက်ခြမ်းတွင် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ဘုရားသုံးဆူမြို့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင်ရှိပြီး စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားသည့် မြို့နယ်ထဲတွင်ပါဝင်ကာ ဘုရားသုံးဆူမြို့ အနီးပတ်ဝန်းကျင်ဒေသတွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများလည်း မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။