Connect with us

Hi, what are you looking for?

သတင်း

ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဦးဒဏ်ရာပြင်းထန်ဟုဆို

ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF)
(​ဝေါ ပကဖ တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-Bago Region PDF)

ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူလူထု မထိခိုက်အောင် ကြိုးစားဖော်ဆောင်ခဲ့ပါတယ်” ဟု ပဲခူးတိုင်း စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝင်ပစ်သွားတာ။ဒီမနက် (ဖေဖော်ဝါရီ ၂၇)ကြားရတာက လေးဦးလောက်သေတယ်လို့ သိရတယ်”ဟု ဝေါမြို့နယ်မှ ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၂ မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှူယူတိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်​သေခွဲက အသိပေးထားသည်။

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် စစ်တောင်းမြစ်ဘေးအနီးတွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁၆ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၃၀)ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန်ရကာ လက်နက်ခဲယမ်းအများအပြားလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲကသတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။