Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်စျေးတိုက်တန်းအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဆိုင်ခန်း ၂၀ခန့် ပျက်စီး

“မြို့ပေါ်မှာ နေ့ခင်းမြင်မြင်ထင်ထင်ကြီးကို ရှို့တာ ။ တနေ့က သူတို့အပစ်ခံရလို့ ရှို့တာဖြစ်မယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျက်စီးသွားသော ဘုတလင်မြို့မစျေးတိုက်တန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ပျက်စီးသွားသော ဘုတလင်မြို့မစျေးတိုက်တန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့‌မဈေး တိုက်တန်းများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဆိုင်ခန်း ၂၀ခန့် ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၃ ရက်) နံနက် ၁၁နာရီခန့်က ဘုတလင်မြို့နယ်ရဲစခန်းမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ဘုတလင်မြို့တောင်ဘက်သို့ သုံးဖွဲ့ခွဲထွက်လာပြီးတစ်ဖွဲ့မှာ မြို့မစျေးတိုက်တန်းကိုမီးရှို့ခဲ့ကြောင်း၊ ဆိုင်ခန်း၂၀ခန့် ပျက်စီးကာ ကျပ်သိန်းထောင်ချီ ဆုံးရှုံးနိုင်ကြောင်း ဘုတလင်မြို့ခံများက ပြောသည်။

“မြို့ပေါ်မှာ နေ့ခင်းမြင်မြင်ထင်ထင်ကြီးကို ရှို့တာ ။ တနေ့က သူတို့အပစ်ခံရလို့ ရှို့တာဖြစ်မယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်များရောက်ရှိလာသော်လည်း မီးငြှိမ်းသတ်ခြင်းမရှိဟု ဒေသခံတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မတ်လ ၂ ရက်က ဘုတလင်မြို့ ရှိ စစ်ကောင်စီကင်းဂိတ်ကို Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ ) တပ်ရင်း၁၂ ရွှေဘိုခရိုင်တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...