Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ

မနက်၄ နာရီခွဲမှာ ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ Local Mobile Team (DPY) က ပြောပါတယ်။

ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ
ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အဝင်က စစ်ကောင်စီ ဂိတ်ကို မနေ့က မနက်အာရုံတက်ချိန်မှာ ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၂ လက် ရမိတယ်လို့ သိရပါတယ်။

မနက်၄ နာရီခွဲမှာ ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ Local Mobile Team (DPY) က ပြောပါတယ်။

Public Service Announcement
Public Service Announcement

” ပြန်ကိုမပစ်နိုင်ပဲသေသွားကြတယ်” လို့ ဂိတ်ကို ဝင်စီးရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို Local Mobile Team (DPY)က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ကျသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က ဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။