Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး

ယူကရိန်း အစိုးရက ဘက်ခ်မတ်ကို ရနိုင်သမျှ ကြံ့ကြံ့ခံ ကာကွယ်မယ်လို့ ကြွေးကြော်ထားပေမယ့် အခြေအနေတွေက ခက်သထက် ခက်ခဲလာတယ်လို့ အခု သီတင်းပတ်မှာ ဝန်ခံခဲ့ပါတယ်။

ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး
ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး

ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူဟာ ရှေ့တန်း စစ်မြေပြင်ကို ကိုယ်တိုင် သွားရောက်ခဲ့တယ်လို့ သူ့ရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်းရဲ့ ဒွန်းဘက်စ်ခ်ဒေသ တောင်ပိုင်းက ရုရှားစစ်စခန်း တစ်ခုဆီကို မတ်လ ၄ ရက်က ရွှိုင်ဂူကိုယ်တိုင် သွားရောက်ခဲ့ပြီး တိုက်ပွဲဝင် စစ်သည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါပေမဲ့ ရွှိုင်ဂူ သွားရောက်ခဲ့တဲ့ နေရာ အတိအကျကိုတော့ ထိမ်ချန်ထားခဲ့ပါတယ်။

ဒွန်းဘက်စ်ခ်မှာ လောလောဆယ်တော့ ဘက်ခ်မတ် မြို့တဝိုက်မှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်နေပါတယ်။ ယူကရိန်းက ဘက်ခ်မတ်ကို ကာလရှည်ကြာ ထိန်းချုပ်ထားပေမယ့် လက်ရှိ အချိန်မှာတော့ ရုရှားတပ်တွေက မြို့နဲ့ အနီးကပ်ဆုံး နေရာထိ ချဉ်းကပ်နေပြီး နှစ်ဖက် ထိတွေ့မှုတွေ ပြင်းထန်နေပါတယ်။ မတ်လ ၄ ရက်ထိ အခြေအနေ အရတော့ ဘက်ခ်မတ်မြို့ဟာ ရုရှားလက်ထဲ မကျသေးဘူးလို့ ယူကရိန်းက ဆိုပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ ရွှိုင်ဂူဟာ ရဟတ်ယာဉ်နဲ့ ဆိုက်ရောက်လာတဲ့နောက် ထိခိုက် ပျက်စီးနေတဲ့ အဆောက်အအုံတွေရှေ့မှာ ရုရှား စစ်သား တစ်ယောက်နဲ့ စကားပြောနေတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်းရဲ့ ဒွန်းဘက်စ်ခ် ပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လက်ရှိ အချိန်မှာ မြို့ပျက်ကြီး ဖြစ်နေတဲ့ ဘက်ခ်မတ်ကို ပိုင်ဆိုင်ရေးဟာ မဟာဗျူဟာ လိုအပ်ချက် တစ်ခုအဖြစ် ယူဆထားပါတယ်။

ယူကရိန်း အစိုးရက ဘက်ခ်မတ်ကို ရနိုင်သမျှ ကြံ့ကြံ့ခံ ကာကွယ်မယ်လို့ ကြွေးကြော်ထားပေမယ့် အခြေအနေတွေက ခက်သထက် ခက်ခဲလာတယ်လို့ အခု သီတင်းပတ်မှာ ဝန်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။