Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး

ယူကရိန်း အစိုးရက ဘက်ခ်မတ်ကို ရနိုင်သမျှ ကြံ့ကြံ့ခံ ကာကွယ်မယ်လို့ ကြွေးကြော်ထားပေမယ့် အခြေအနေတွေက ခက်သထက် ခက်ခဲလာတယ်လို့ အခု သီတင်းပတ်မှာ ဝန်ခံခဲ့ပါတယ်။

ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး
ရှေ့တန်း စစ်မြေပြင်ကို သွားရောက်ခဲ့တဲ့ ရုရှား ကာကွယ်ရေးဝန်ကြီး

ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူဟာ ရှေ့တန်း စစ်မြေပြင်ကို ကိုယ်တိုင် သွားရောက်ခဲ့တယ်လို့ သူ့ရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်းရဲ့ ဒွန်းဘက်စ်ခ်ဒေသ တောင်ပိုင်းက ရုရှားစစ်စခန်း တစ်ခုဆီကို မတ်လ ၄ ရက်က ရွှိုင်ဂူကိုယ်တိုင် သွားရောက်ခဲ့ပြီး တိုက်ပွဲဝင် စစ်သည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါပေမဲ့ ရွှိုင်ဂူ သွားရောက်ခဲ့တဲ့ နေရာ အတိအကျကိုတော့ ထိမ်ချန်ထားခဲ့ပါတယ်။

ဒွန်းဘက်စ်ခ်မှာ လောလောဆယ်တော့ ဘက်ခ်မတ် မြို့တဝိုက်မှာ ရုရှားနဲ့ ယူကရိန်းတပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်နေပါတယ်။ ယူကရိန်းက ဘက်ခ်မတ်ကို ကာလရှည်ကြာ ထိန်းချုပ်ထားပေမယ့် လက်ရှိ အချိန်မှာတော့ ရုရှားတပ်တွေက မြို့နဲ့ အနီးကပ်ဆုံး နေရာထိ ချဉ်းကပ်နေပြီး နှစ်ဖက် ထိတွေ့မှုတွေ ပြင်းထန်နေပါတယ်။ မတ်လ ၄ ရက်ထိ အခြေအနေ အရတော့ ဘက်ခ်မတ်မြို့ဟာ ရုရှားလက်ထဲ မကျသေးဘူးလို့ ယူကရိန်းက ဆိုပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို တစ်ခုမှာတော့ ရွှိုင်ဂူဟာ ရဟတ်ယာဉ်နဲ့ ဆိုက်ရောက်လာတဲ့နောက် ထိခိုက် ပျက်စီးနေတဲ့ အဆောက်အအုံတွေရှေ့မှာ ရုရှား စစ်သား တစ်ယောက်နဲ့ စကားပြောနေတာ တွေ့ရပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ ဒွန်းဘက်စ်ခ် ပြည်နယ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး လက်ရှိ အချိန်မှာ မြို့ပျက်ကြီး ဖြစ်နေတဲ့ ဘက်ခ်မတ်ကို ပိုင်ဆိုင်ရေးဟာ မဟာဗျူဟာ လိုအပ်ချက် တစ်ခုအဖြစ် ယူဆထားပါတယ်။

ယူကရိန်း အစိုးရက ဘက်ခ်မတ်ကို ရနိုင်သမျှ ကြံ့ကြံ့ခံ ကာကွယ်မယ်လို့ ကြွေးကြော်ထားပေမယ့် အခြေအနေတွေက ခက်သထက် ခက်ခဲလာတယ်လို့ အခု သီတင်းပတ်မှာ ဝန်ခံခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

စစ်မဖြစ်ခင် လူဦးရေ ၈၀၀၀၀ လောက် နေထိုင်ရာမြို့ကို ဆက်ထိန်းထားဖို့ဟာ နိုင်ငံ အရှေ့ပိုင်း ဧရိယာတွေကို ကာကွယ်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တယ်လို့လည်း ယူကရိန်းက ပြောကြားထားပါတယ်။

နိုင်ငံတကာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒရုန်း ပျက်ကျသွားအောင် နှောင့်ယှက်ခဲ့တဲ့ SU-27 တိုက်လေယာဉ်မှူးတွေကို ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အော့ကြောလန်ဘဝ ရောက်နေတဲ့ ပူတင်ကို သံတမန်ရေးအရ တရုတ်အစိုးရက အကာအကွယ် ပေးနေတယ်ဆိုတာ ဒီခရီးစဉ်က ပေါ်လွင် မြင်သာစေကြောင်း ဝေဖန် ပြောကြားထားပါတယ်။

သတင်း

မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။